ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာအုပ်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာ အုပ်စု (၁၃) စု၊ ကျေးရွာ (၂၀) ရွာတို့၌ (၂၉-၅-၂၀၁၈) ရက်နေ့နှင့် (၃၀-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၉) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၆,၇၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၆၅,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၀၂၁,၇၀၀ိ/-) ကျပ်တို့အား (၁၃-၆-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#bgo_jun2018

Sign Up

Upcoming Events