Category Archives: News
-
လေဖိအားနည်း၀န်းနှင့် ပတ်သက်၍ ပြည်သူသို့အသိပေး နှိုးဆော်ချက်
၁။ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏၂၀၁၈ခုနှစ်၊ဇွန်လ(၉)ရက်နေ့၊မြန်မာစံတော်ချိန် (၁၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်၀န်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေအားအလွန်ကောင်းနေကြောင်းနှင့် ယင်းအရှိန်ကြောင့် (၁၀-၆-၂၀၁၈)နေ့မှ(၁၄-၆-၂၀၁၈)နေ့အတွင်းတစ်ပြည်လုံးနေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးရွာပြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ကယားပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ကာ ကျန်တိုင်းဒေသကြီး /ပြည်နယ်များတွင် ဒေသအလိုက်မိုးကြီးနိုင်ကြောင်းသိရှိရပါသည်။ ၂။ ပြည်သူများအနေဖြင့် အောက်ဖော်ပြပါ ကြိုတင်ပြင်မှုများဆောင်ရွက်ထားရန် လိုအပ်ကြောင်း အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ အကြံပြုအပ်ပါသည်- (က) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေ၀သသတင်းများကို စဥ်ဆက် မပြတ်နားထောင်ပြီး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၆.၂၀၁၈) ရက်နေ့တွင် လွိုင်ကောြ်မို့နယ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းရှိ ဆရာမ (၁၀၀) ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_jun2018
-
မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကျွဲသောင်ကျေးရွာအုပ်စု၊ သနပ်ခုံကျေးရွာတွင် (၆.၆.၂၀၁၈)ရက်နေ့၊ မိုးကြိုးစက်ကွင်းမိကာ သေဆုံးသူ(၁)ဦးအတွက် ကယ်ဆယ် ရေးထောက်ပံ့ရန်ပုံငွေ (၃)သိန်းကျပ်ကို (၈-၆-၂၀၁၈)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သေဆုံးသူ၏ မိသားစုဝင်များထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_jun2018
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ လိပ်ပေါင်ဆွဲကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၄)ရွာတွင် (၃၀.၅.၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ (၂)လုံး၊ အမိုးလန် အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၅)စု၊ လူဦးရေ(၂၀)ဦးတို့ဘေးသင့်ခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၅၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၄၂,၀၀၀) ကျပ်နှင့် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၉၂,၀၀၀)ကျပ်ကိုလည်းကောင်း၊ ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး၊ (၂) အိမ်ထောင်စာကို လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၃)အိမ်ထောင်စာတို့ကို (၈-၆-၂၀၁၈)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားသည့်ကျေးရွာအုပ်စုသို့ ကွင်းဆင်း … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ မံပိန် ကျေးရွာတွင် (၂.၆.၂၀၁၈) နေ့ရက် (၁၅း၃၀)အချိန်တွင်ဦးလှထွန်း၏ လယ်တောအတွင်း အလုပ်လုပ်ကိုင်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံး (၂) ဦးအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀) သိန်းနှုန်းဖြင့် (၆၀၀,၀၀၀) သိန်းနှင့် ဒဏ်ရာရ (၁) ဦးအတွက် (၅၀,၀၀၀)ကျပ်၊ စုစုပေါင်း(၆၅၀,၀၀၀)ကျပ်ကို (၈.၆.၂၀၁၈) ရက်နေ့ (၁၂း၄၀) အချိန်တွင် မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် … Read more
-
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ဗလဘကျေးရွာတွင် (၇.၆.၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ(၁၈)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇) ရက်စာဖိုး (၃၇,၈၀၀) ကျပ်၊အိမ်ခြေ(၂) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၂၃၇,၈၀၀)ကျပ်တို့အား (၈-၆-၂၀၁၈)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့် ပြည်သူများ ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၌ (၇-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၉) ဦးအတွက် family kits (၂၆) မျိုး (၁) ပုံး ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈,၉၀၀ိ/-) အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၈,၉၀၀ိ/-) ကျပ်တို့အား (၈-၆-၂၀၁၈) … Read more
-
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရွှေချောင်း(ချောင်း) လျှပ်တပြတ်ရေဘေးအတွက် နောက်ဆက်တွဲထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၈) ရက်နေ့တွင် လျှပ်တပြတ်ရေဘေးဖြစ်ပေါ်ခဲ့သည့် ရွှေချောင်းချောင်း၊ အမှတ်(၃)ရပ်ကွက်၌ လူနေအိမ် (၁၈)လုံး ပြောင်းရွှေ့ခဲ့ရသဖြင့် ဘေးသင့်အိမ်ခြေ(၁၈)လုံး၊ အိမ်ထောင်စု(၁၈)စု၊ ဘေးသင့်လူဦးရေ(၉၂)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၉၃၂၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့အား (၈-၆-၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးရဲထွဋ်တို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ဘင်္ဂလားပင်လယ်အော်အခြေအနေခန့်မှန်းချက်
=============================================== (၂၀၁၈ ခုနှစ်၊ ဇွန်လ (၈)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပါသည်။ Source: DMH
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသောပြည်သူများအတွက် ရှပ်တိုရောင်စုံ (၂၅၀)၊ စတစ်လက်ရှည်(၃၀၀)၊ CVC ပန်းရိုက်ရှပ်တိုု(၂၅၀)နှင့် တီရှပ်(၈၀၀)ထည်တို့အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇုံးတိန့်(ကိုယ်စား) ကိုယ်စားလှယ်တစ်ဦး ထံသို့ (၈-၆-၂၀၁၈)ရက်နေ့(၁၀း၄၅)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_jun2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









