လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၌ (၁၄-၆-၂၀၁၈) ရက်နေ့ (၀၆း၃၀) နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျ (၅) အိမ်ထောင် အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၅) အိမ်ထောင်စာ၊ family kit (၅) ထုပ် ၊ ရေပုံးအဖုံးပါ (၁၀)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀ိ/-) ကျပ်နှင့် တစ်စိတ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၃၅) လုံးအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၁) မျိုး (၃၅) အိမ်ထောင်စာ၊ အိမ်ဆောက်စ္စည်းဖိုးငွေ (၂,၇၅၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ စုစုပေါင်း (၁၈၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၈၄,၃၀၀ိ/-)ကျပ်၊ ဘန်းကြီးကျောင်း ဆွမ်းစားဆောင် အမိုးလန်ခြင်း အတွက် ထောက်ပံ့အလှူငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၈၃၄,၃၀၀ိ/-) ကျပ်တို့အား ကျိုက်ထို မြို့နယ်၊ ကမ်းနီကျေးရွာနှင့် သထုံစုရွာများသို့ (၁၄-၆-၂၀၁၈) ရက်နေ့၌ ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mon_jun2018