
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်၊ ငကွကျေးရွာနှင့် ကြက်တူရွေးကျေးရွာတို့တွင် (၁၂- ၆-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ (၁၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ (၅)ပုံး (၉၂၅၅၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၃၇၈၀၀ိ/-) ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀ိ/-) ၊ စုစုပေါင်းရန်ပုံငွေ (၁၈၇၈၀၀ိ/-) တို့အား (၁၄-၆-၂၀၁၈)ရက်နေ့ (၁၅း၂၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_jun2018
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)