လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ တီမောလက်စ်တေနိုင်ငံမှ အမျိုးသားလုံခြုံရေးကောင်စီ၊ ဝါရင့်ဝန်ကြီးနှင့် ရန်ကုန်မြို့ ဂျပန်သံရုံးမှ သံအမတ်ကြီးတို့ သီးခြားစီလာရောက်တွေ့ဆုံ

15 Pic 02

၁၄-၆-၂၀၁၈ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine SchranerBurgener ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမျိုးသားလုံခြုံရေးကောင်စီ၊ ဝါရင့်ဝန်ကြီး H.E. Mr. Jose Ramos Horta နှင့် ရန်ကုန်မြို့ ဂျပန်နိုင်ငံသံရုံးမှ သံမတ်ကြီး H.E. Mr. Ichio MARUYAMA တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌သီးခြားစီ လာရောက်တွေ့ခဲ့ကြပါ သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်Ms. Christine SchranerBurgener ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြု ချက်များအားအကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကတာဝန်ယူထားပြီး အကြံပြုချက် (၈၈) ချက်အနက် အကြံပြုချက် (၈၀) အား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းအကောင်အထည်ဖော်ဆောင်နေမှုများ၊ ရခိုင် ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များအပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာ နိုင်ငံ၏အစဉ်တစိုက် ကြိုးပမ်းမှုများ၊ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လိုသူများအား စနစ်တကျလက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူညီထားသည့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များအတိုင်းမြန်မာနိုင်ငံမှဆောင်ရွက်နေမှုများ၊ မိမိ သဘောဆန္ဒဖြင့် ဘေးကင်းလုံခြုံဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်နိုင်ရေး၊ လိုအပ်သော သတင်းအချက်အလက် များသိရှိနားလည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပြီးကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အခြားသောမိတ်ဖက်အဖွဲ့ အစည်းများမှ ကူညီဆောင်ရွက်နိုင်ရေးကိစ္စများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအား ဦးစားပေးအစီအစဉ် အလိုက် အကောင်အထည်ဖော်ဆောင်နေပြီး ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးစနစ်တကျ ဆောင်ရွက်နေမှု များ၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များအရှိန်မြင့်တင်ရေးနှင့် ပညာသင်ကြားခွင့်၊ ကျန်းမာ ရေး စောင့်ရှောက်မှု ရရှိနိုင်ခွင့်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးဆောင်ရွက်နေမှုများ၊ ဒေသတွင်း လုံခြုံရေး အတွက် လူထုအခြေပြုရဲလုပ်ငန်းစနစ်များ၊ နှစ်နိုင်ငံပူးပေါင်းကင်းလှည့်ခြင်း အစီအစဉ် ဆောင်ရွက်နေမှုများ၊ UEHRD ပြည်ထောင်စုစီမံကိန်းဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်း ရေးဖော်ဆောင်နိုင်ရန် လုပ်ငန်းကော်မတီ (၁၁) ခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းအနေဖြင့် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ပြီးမြန်မာနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများ၊ နိုင်ငံတကာအဖွဲ့ အစည်းများအနေဖြင့် မြန်မာနိုင်ငံအပေါ် မျှတစွာရှုမြင်သုံးသပ်နိုင်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာဆွေးနွေး ခဲ့ကြပါသည်။
ဆက်လက်၍ တီမောလက်စ်တေဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အမျိုးသားလုံခြုံရေးကောင်စီ၊ ဝါရင့်ဝန်ကြီး H.E. Mr. Jose Ramos Horta နှင့် တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဥက္ကဌအဖြစ်ဦးဆောင်ပြီး UEHRD ပြည်ထောင်စုစီမံကိန်းဖြင့် လူသားချင်းစာနာကူညီမှု ထောက်ပံ့ရေး၊ ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစသည့် ရည်မှန်းချက်များဖြင့် ရခိုင်ပြည်နယ် အတွင်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်သို့ ချောမွေ့စွာ ရောက်ရှိနိုင်ရေး အတွက် နိုင်ငံသားဖြစ်မှု စိစစ်ရေးကဒ် (NV Card) များကိုင်ဆောင်နိုင်ရေး၊ နိုင်ငံတွင်း ပြန်လည် ဝင်ရောက် လိုသူများအား လက်ခံရေးစခန်း ( Reception Camps ) နှင့် ယာယီနေထိုင်ရေး ကြားစခန်း ( Transit Centre ) များတွင် စနစ်တကျလက်ခံထားရှိနိုင်ရေးဆောင်ရွက်ထားမှုများ၊ ၎င်းတို့၏ မူလနေရာသို့မဟုတ် မူလနေရာနှင့် အနီး စပ်ဆုံးနေရာများတွင် စနစ်တကျပြန်လည်နေရာချထားပြီး၎င်းတို့၏ နေအိမ်အဆောက်အဦးများ တည်ဆောက်ရာ တွင် ကိုယ်တိုင်ပါဝင်နိုင်ပြီး ၎င်းတို့အတွက် လုပ်ခအခကြေးငွေရရှိခံစားနိုင်မည့် ( Cash for Work ) အစီအစဉ်အားအကောင်အထည်ဖော်ဆောင်မည့် ကိစ္စရပ်များ၊ အခြေခံအဆောက်အအုံများ တည်ဆောက်နေပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်သန့်ရှင်းသောသောက်သုံးရေရရှိနိုင်ရေး၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေးဆောင်ရွက်နေမှုများ၊ UNDP. UNHCR တို့နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ နားလည်မှှုစာချွန်လွာလက်မှတ်ရေးထိုးပြီးပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ၊ သတင်းအချက်အလက်များလျင်မြန်စွာ ဖြန့်ဖြူးရောက်ရှိနိုင်ရေးအစီအစဉ်ဖြင့် ဆောင်ရွက်မည့်ကိစ္စများ၊H.E. Mr. Jose Ramos Hortaအနေဖြင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများတွင် ၎င်း၏ အတွေ့အကြုံများအားမျှဝေပြီး မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် စိန်ခေါ်မှုများအားပိုမိုသိရှိနားလည်ကာမြန်မာနိုင်ငံအစိုးရအနေဖြင့် ဆောင်ရွက်နေသည့် အခြေအနေအစစ်အမှန်အား နိုင်ငံတကာမှ သိမြင်စေရန် ဆောင်ရွက်မည့် ကိစ္စများအား ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီးဂျပန်နိုင်ငံသံရုံးမှ သံမတ်ကြီး H.E. Mr. Ichio MARUYAMA နှင့်တွေ့ဆုံရာတွင် ၎င်းတို့ ကိုယ်တိုင် ရခိုင် ပြည်နယ် မြေပြင်အခြေအနေအား လက်တွေ့ကွင်းဆင်းလေ့လာပြီး တွေ့ရှိချက်များအား ဆွေးနွေး ကာ ခိုလှုံရေးစခန်းများရှိလူငယ်များတက္ကသိုလ်အဆင့်မြင့်ပညာဆက်လက်သင်ကြားခွင့်ရရှိရေး၊ နိုင်ငံသားကဒ် ကိုင်ဆောင်ထားသူများ၊ နိုင်ငံသားပြုခွင့်ရသူများနှင့် နိုင်ငံသားဖြစ်မှု စိစစ်ရေးကတ် ကိုင်ဆောင်သူများသည် လျော်ညီသောအခွင့်အရေးများရရှိရေးကိစ္စများ၊ ဒေသတွင်းတရားဥပဒေစိုးမိုးရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေးအတွက် သက်ဆိုင်ရာဝန်ကြီးများနှင့် ညှိနှိုင်းဆောင်ရွက်နေမှုများ၊ ခိုလှုံရေးစခန်းများပိတ်သိမ်းရေးအတွက် ကုလ သမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးများဆွေးနွေးခဲ့ပါသည်။
#hl1
#npw_jun2018

Sign Up

Upcoming Events