===================================================
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ထန်းကုန်ကျေးရွာအုပ်စု၊ မြောင်းမြမြို့ (၁၀) ရပ်ကွက်၊ ကံသာကုန်းကျေးရွာအုပ်စု(၂)စုနှင့် ရပ်ကွက်(၁)၊ အေရွားကျေးရွာ ကံသာကုန်းကျေးရွာနှင့် (၁၀) ရပ်ကွက်တို့၌ (၁၂-၆-၂၀၁၈) ရက်နေ့နှင့် (၁၃-၆-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့် နေအိမ် (၂) လုံးနှင့် အမိုးလန်ခဲ့သည့် နေအိမ် (၁) လုံး စုစုပေါင်းနေအိမ် (၃) လုံးမှ ဘေးသင့်လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၉၄၀၀ိ/-)၊ အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၂၅၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၉၄၀၀ိ/-) နှင့် ပြိုကျနေအိမ် (၂) လုံး အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် အမိုးလန်အိမ်ခြေ (၁) လုံး အိမ်ထောင်စု(၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးအား မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ (၁၄-၆-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။