
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ကျေးရွာ(၇)ရွာ၌ (၁၁.၆.၂၀၁၈)ရက်နေ့နှင့် (၁၂.၆.၂၀၁၈)ရက်နေ့တို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် ချောင်းရေမြင့်တက်ပြီး မျောပါပျက်စီးနေအိမ်(၅)လုံး၊ ကြိုတင်ဖျက်သိမ်းနေအိမ်(၅)လုံး စုစုပေါင်းအိမ်ခြေ(၁၀)လုံး၊ ရေဘေးသင့့်ခဲ့ရာ မျောပါပျက်စီးနေ အိမ်(၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၅) အိမ်ထောင်စာနှင့် ကြိုတင်ဖျက်သိမ်း နေအိမ် (၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၅)အိမ်ထာင်စာကို (၁၄.၆.၂၀၁၈)ရက်နေ့တွင် ကံမမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာရေးလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#shn_jun2018
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)