လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) အချိန်မှ (၁၅း၀၀) နာရီ အချိန် အထိ ကျိုင်းတုံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ဘေးအန္တရာယ်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေးနှင့် ငလျင်ဘေးများနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ဟောပြောခြင်း၊ ငလျင်လှုပ်ခတ်နေစဉ်အတွင်း နေထိုင်ရမည့် အနေ အထားများကို လက်တွေ့သရုပ်ပြသခြင်း၊ ကျောင်းသား/ကျောင်းသူများမှ ပူးပေါင်းဆောင်ရွက်စေခြင်း၊ အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဗွီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar_fld
#ar_tls
#ar_fir
#ar_eqk
#ar_str
#ar_rbe
#shn_jun2018