Category Archives: News
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ အထွဋ်ကျေးရွာအုပ်စု၊ ဖားလက်ခိုကျေးရွာအုပ်စုနှင့်ညောင်ပင်စုကျေးရွာအုပ်စုတို့တွင် (၁၃.၆.၂၀၁၈)နေ့မှ (၁၄.၆.၂၀၁၈)နေ့ထိ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ/ အိမ်ထောင်စု(၃၉)စု၊ လူဦးရေ(၁၃၆)ဦး၊ မြို့နယ်သဘာဝဘေးကာကွယ်ရေးအစီအစဉ်ဖြင့် ကမ်းနားရပ်ကွက်ရှိတာအနီးမှ ရွှေ့ပြောင်းအိမ်ခြေ/အိမ်ထောင်စု(၂၃)စု၊ လူဦးရေ(၁၀၂)ဦး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၆၂)စု၊ လူဦးရေ (၂၃၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၆၂) အိမ်ထောင်စာကို လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၂) သိန်း၊ ဆန်ရိက္ခာဖိုး (၄၉၉,၈၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆,၆၉၉,၈၀၀/-) ကျပ်ကိုလည်းကောင်း ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးကျေးရွာအုပ်စု၊ … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းကျေးရွာအုပ်စုနှင့် ခွေးတောက်ချောင်းကျေးရွာအုပ်စုတို့တွင်(၁၉.၆.၂၀၁၈)နေ့မှ (၂၁.၆.၂၀၁၈)နေ့ထိ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၃၇)လုံး၊ ရေမျောပါအိမ်ခြေ(၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၆)လုံး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၄၅)စု၊ လူဦးရေ (၁၅၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၄၃) အိမ်ထောင်စာကိုလည်းကောင်း၊ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၂) အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၅) သိန်း၊ဆန်ရိက္ခာဖိုး (၃၁၉,၂၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၄,၈၁၉,၂၀၀/-) ကျပ်ကို လည်းကောင်း၊ အင်္ဂပူမြို့နယ်၊ … Read more
-
လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ (၈) ရွာတို့၌ (၉/၁၁/၁၃-၆-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀ိ/-)ကျပ်နှင့် အမိုးလန်နေအိမ် (၇) လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၁၅,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ ငွေ … Read more
-
လေဘေးအတွက် ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ (၂၉.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်(ပံတပွတ်၊ ဝါးတော)အုပ်စု၊ကျေးရွာခွဲ(၄)ရွာ၌ ပြိုကျနေအိမ် (၅)လုံး၊ အိမ်ထောင်စု(၅)စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ(၅၀၀၀၀၀ိ/-) အမိုလန်နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုအတွက်အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၅၀၀၀၀ိ/-) စုစုပေါင်းလူဦးရေ(၆၄)ဦးစာအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၁၃၄၄၀၀ိ/-)စုစုပေါင်ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈၄၄၀၀ိ/-)(ကျပ်တစ်ဆယ်သိန်းရှစ်သောင်းလေးထောင့်လေးရာတိတိ)နှင့် (ကျုံဝါး၊ ပေကုန်း၊ မင်းဘော) အုပ်စု၊ ကျေးရွာခွဲ(၃)ရွာ၌ လေလေဘေးကြောင့် ပြိုကျနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀ိ/-) အမိုးလန်နေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၇၀၀၀၀ိ/-) စုစုပေါင်း လူဦးရေ (၃၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၇၃၅၀၀ိ/-) စုစုပေါင်း … Read more
-
လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲမြို့နယ်၊ သပြေကွင်း၌ (၈-၆-၂၀၁၈) ရက်နေ့ တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ သံတွဲမြို့နယ် မောင်းဆွဲကျေးရွာ၌ (၁၀-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ဘေးသင့်ခဲ့သော လုံးဝ ပျက်စီးနေအိမ် (၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ သံတွဲမြို့နယ်၊ အံတော်ကျေးရွာ၊ တုံးတော ကျေးရွာနှင့် ကြက်စားချောင်းကျေးရွာတို့တွင် (၁၂-၆-၂၀၁၈) ရက်နေ့ တွင် ဖြစ်ပွားခဲ့သည့် လေဘေး ကြောင့် … Read more
-
မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ ရုံးကြီးလမ်းပေါ်ရှိ ပြည်နယ်ဘေးစီမံရုံးအစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်မှူး(ဘေးစီမံ)မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်း၌ သင်တန်းသား ရပ်/ကျေး အုပ်ချုပ်ရေးမှူး (၄၅)ဦးအား တာဝန်ရှိသူများမှ သင်ခန်းစာများ ဆွေးနွေးဟောပြောခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်တာကြာမြင့်မည်ဖြစ် ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ကုလားကျေးရွာတွင် (၂၂-၆-၂၀၁၈)ရက်နေ့ နံနက်(၀၈:၀၀) အချိန်မှ (၁၀:၃၀)အချိန်ထိ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရေဘေးဇာတ်တိုက် လေ့ကျင့်ခန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကျေးရွာနေပြည်သူများ စုစုပေါင်းလူဦးရေ(၃၀၀)ခန့် ပူးပေါင်းပါဝင်ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_simex_fld #npw_jun2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျံပျော်မြို့နယ်၊ ရှားခဲကျေးရွာအုပ်စု၊ ကုန်းဘောင်ရိုးကျေးရွာတွင် (၂၁-၆-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့ သော လေဘေးကြောင့် အမိုးအနည်းငယ်ပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)ပုံး (၁၈၅၁၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၄၇၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၃၄၇၀၀ိ/-) အား (၂၂-၆-၂၀၁၈)ရက်နေ့ (၁၆း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_sgw … Read more
-
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း
ဇွန်၂၂ နေပြည်တော် ၂၂-၆-၂၀၁၈ ရက်နေ့၊ နံနက်(၀၉း၃၀)နာရီမှ (၁၁း၃၀)နာရီအထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေး ခန်းမ၌ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးပြောကြားရာတွင် ၁၉၉၅ ခုနှစ်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံသို့ မြန်မာကိုယ်စားလှယ်များသည် အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့ပါကြောင်း၊ ယင်းညီလာ … Read more
-
မြန်မာအိန္ဒ္ဒိယနှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ သက်ဆိုင်ရာလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက်ညှိနှိုင်းအစည်းအဝေး
၂၂-၆-၂၀၁၈၊နေပြည်တော် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-အိန္ဒ္ဒိယနှစ်နိုင်ငံအစိုးရအကြား နားလည်မှုစာချွန်လွှာပါ သက်ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့ နေ့လည်(၁၃း၀၀)နာရီအချိန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာဝင်းမြတ်အေးကဦးဆောင်၍ကျင်းပခဲ့ပါသည်။အစည်းအဝေးတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများက တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် … Read more









