ချောင်းဆုံမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

10 Pic 01

10 Pic 02

10 Pic 03

===================================================
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ် ကမာကေးကျေးရွာ၊ ဟင်္သာကျွန်းကျေးရွာနှင့် ရွာလွတ်ကျေးရွာများ၌ (၇-၇-၂၀၁၈) ရက်နေ့နှင့် (၈-၇-၂၀၁၈) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာ၊ Family Kit (၂) ထုပ်၊ ပလစ်စတစ်ရေပုံး (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀ိ/-) နှင့် ဘုန်းတော်ကြီးကျောင်းဘုရားကျောင်းဆောင်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့မှုအတွက် (၁၀၀၀၀၀ိ/-)၊ လူဦးရေ(၂၆)ဦးအတွက် ဆန်ဖိုးငွေ(၅၄၆၀၀ိ/-) စုစုပေါင်း(၇၅၄၆၀၀ိ/-)အား (၉-၇-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events