
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ၌ (၉.၇.၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီအချိန်မှ (၁၄း၀၀)နာရီအချိန်ထိ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀)ဦးအား မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဘေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်၊ မိုးကြိုးဘေးဗီနိုင်းပိုစတာနှင့် ခေါက်ဆွဲခြောက်ထုပ်များပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
#ar_tls
#bgo_jul2018
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)