တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်

 

10 Pic 02

နေပြည်တော်၊ ဇူလိုင် ၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံ သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် (၈) နာရီခွဲတွင် လယ်‌ဝေးမြို့နယ်ရှိ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၌ ကျင်းပခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဥက္ကဋ္ဌများနှင့် အသင်းဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် သင်တန်းသားသင်တန်းသူ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် ဘေးအန္တရာယ်များစီမံခန့်ခွဲရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအဆင့်ဆင့်အနေဖြင့် ပြည်သူများ၏လိုအပ်ချက်ကိုဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူမှုအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ အမှန်တကယ်လိုအပ်ချက်ကို သိရှိရန်ပြည်သူ့ ကိုယ်စားလှယ်များနှင့် ပြည်သူများထံမှ တိုက်ရိုက်ကြားသိရပါကြောင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းသည် ပြည်သူ့အခြေပြုအဖွဲ့ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုလိုမိမိတို့ပူးပေါင်း ဆောင်ရွက်မှုသည်ပြည်သူအတွက် များစွာအကျိုးရှိ ထိရောက်မည်ဟု ယုံကြည်ပါကြောင်း၊ ဘေး အန္တရာယ်ဟုဆိုရာတွင် သဘာဝကြောင့်ဖြစ်သောဘေးများသာမက လူတို့ကြောင့်ဖြစ်သော ပဋိပက္ခများ နှင့် တိုက်ပွဲများကြောင့်ဖြစ်သောဘေးများလည်းပါဝင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၌သဘာဝကြောင့်ဖြစ်သောဘေးများသာမကလူတို့ကြောင့် ဖြစ်သောဘေးများပါဝင်ပါကြောင်း၊ လက်ရှိဥပဒေတွင်လိုအပ်ချက်များပြန်လည်ဆန်းစစ် ပြင်ဆင် ရန်လည်း ဆောင်ရွက်လျက်ရှိပြီးPrivate Public Partnership၊ ရင်းနှီးမြှုပ်နှံမှုများ၊ အာမခံစနစ်များ၊ မြေယာဆုံးရှုံးမှု၊ သီးနှံဆုံးရှုံးမှု၊ တိရစ္ဆာန်များဆုံးရှုံးမှုစသည့် ကဏ္ဍများကိုလည်း ထပ်မံထည့်သွင်း ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်မှု၊ ရင်ဆိုင် တုံ့ပြန်မှု၊ ပြန်လည်ကောင်းမွန်သော အခြေအနေသို့ရောက်ရှိစေမှုစသည့် အဆင့် (၃) ဆင့် အရေးကြီး ပါကြောင်း၊ အသက်ဆုံးရှုံးမှုများ လျော့နည်းအောင်၊ ထိခိုက်မှုပမာဏလျော့နည်းအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူကို အသိပညာပေး ပိုမိုဆောင်ရွက်ရန်လိုကြောင်း မိမိတို့ သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်နေသလိုပြည်သူနှင့် အနီးဆုံးရှိ နေသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေ အသင်းဝင်များအနေဖြင့် အသိပညာများကိုပြည်သူကြားတွင် ပြန့်ပွားပေးစေလိုပါ ကြောင်း၊ မိမိတို့ဌာနမှဖွင့်လှစ်ထားသည့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင်လည်း သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးနေပါကြောင်း၊ မည်သူမဆိုတက်ရောက်နိုင် ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မည်သည့်ပါတီ၊ အဖွဲ့အစည်း ဟူ၍ ခွဲခြားခြင်းမရှိဘဲပြည်သူ့ အကျိုးအတွက် အားလုံးနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြော ကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်က မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် မြန်မာနိုင်ငံ တစ်ဝှမ်း လုံးရှိ မိခင်နှင့်ကလေးများ၊ မိသားစုများ၏ကျန်းမာရေး၊ပညာရေးနှင့် လူနေမှုဘဝအဆင့် အတန်း မြင့်မားလာစေရေးတို့အတွက် လူမှုရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန် ရည်ရွယ် ဖွဲ့စည်းထားသည့် စေတနာ့ဝန်ထမ်းလူမှုရေးအဖွဲ့အစည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ ရှေ့လုပ် ငန်းစဉ်များတွင် “သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရန်၊ ပြည်သူလူထုအား သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ မည်ကဲ့သို့ ဆောင်ရွက်ရမည်ကိုပညာပေးရန်နှင့် ဖြစ်ပွားလာပါက အခြားအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန်”ဟုပါဝင်ပါကြောင်း၊ ယခု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သည့် သင်တန်းသည် မိမိတို့၏ ပထမဦးဆုံးခြေလှမ်း ဖြစ်ပါကြောင်း၊ မိမိတို့ သင်တန်းသူသင်တန်းသားများအနေဖြင့် ယခုသင်တန်းမှရရှိသည့် အသိပညာ၊ အတွေ့အကြုံများကိုမိမိတို့ဒေသသို့ပြန်လည် ရောက်ရှိတဲ့အခါမှာအကျိုးရှိရှိအသုံးချပြီး အများ ပြည်သူ ကို ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်းဆက်လက်၍ သင်တန်းများဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းကို (၉-၇-၂၀၁၈) နေ့မှ (၁၃-၇-၂၀၁၈)နေ့အထိဖွင့်လှစ် သွားမည်ဖြစ်ပြီး တိုင်းဒေသ ကြီး/ ပြည်နယ်အသီးသီးမှ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် စုစုပေါင်း (၅၅) ဦးတက်ရောက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

#hl1

#npw_jul2018

Sign Up

Upcoming Events