
နေပြည်တော် ဇူလိုင် ၉
World Bank မှ Deputy Country Director for Myanmar, Cambodia and Laos PDR နှင့် Head of Office, Myanamr ဖြစ်သူ Ms. Gevorg Sargsyan နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် လူမှုှဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေးဖွားသောကလေး အသက် (၂)နှစ်အရွယ်ထိ ငွေကြေး ထောက်ပံ့ရေးအစီအစဉ်အား ပိုမိုချဲ့ထွင်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်မှ ကူညီပံ့ပိုးနိုင်မည့်ကိစ္စရပ်များ၊ ၂၀၁၅ ခုနှစ် ရေဘေး အတွက် ကမ္ဘာ့ဘဏ်၏အထောက်အပံ့ဖြင့် ဝယ်ယူအဆင်သင့်ထားရှိသော အရေးပေါ်အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ အား အခြားသဘာဝဘေးအန္တရာယ်ဖြစ်ပွားရာဒေသများတွင် အသုံးပြုဆောင်ရွက်နိုင်ရေးကိစ္စများ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးဌာန မှဆောင်ရွက်နေမှုများ၊ ကမ္ဘာ့ဘဏ်အနေဖြင့် UEHRD ၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2_otr
#npw_jul2018
Source: MSWRR