လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၈-၇-၂၀၁၈) ရက်နေ့ (၁၅းဝ၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ တာကျောက်ကျေးရွာမှ ကျေးရွာသူ/သား (၆၀) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn_jul2018