===================================================
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ရေပူကျေးရွာ၌ (၈-၇-၂၀၁၈) ရက်နေ့၊ (၂၂း၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများ စီးဆင်းမှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် (၂) လုံး မျောပါပျက်စီးခဲ့ပြီး ကျား(၄)ဦး၊ မ(၄)ဦး စုစုပေါင်း (၈) ဦး ရေဘေးသင့်ခဲ့ရာ (၁)အိမ်ထောင်လျှင် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-) နှုန်းဖြင့် (၂)အိမ်ထောင်စာ (၄၀၀၀၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပလပ်စတစ်ပုံး (၂) အိမ်ထောင်စာ၊ ဘေးသင့်လူဦးရေ (၈)ဦးအတွက် ဆန် (၇) ရက်စာဖိုးငွေ (၁၆၈၀၀ိ/-) တို့ကို (၉-၇-၂၀၁၈) ရက်နေ့တွင် မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်၊ မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများ၊ အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ရေပူကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။