သဘာဝဘေးများနှင့် မိုးကြိုးဘေးအကြောင်း အသိပညာပေးဟောပြောမှုသတင်း

10_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၈)ရက်နေ့ ညနေ (၁၅း၀၀)နာရီချိန်မှ (၁၆း၃၀)နာရီချိန်ထိ မြိတ်မြို့နယ်ရှိ မြိတ်ကွန်ပျူတာတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူဦးရေ(၃၀၄)ဦးအား သဘာဝဘေးများနှင့်မိုးကြိုးဘေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး ဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များ ရှင်းလင်းပြောကြားခြင်း၊  ဘောလ်ပင်နှင့် မိုးကြိုးဘေးဗွီနိုင်းပိုစတာပေးအပ် ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_tls
#tny_jul2018
Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events