Category Archives: News
-
ဒုတိယအကြိမ်ငလျင်ဆိုင်ရာဖိုရမ် (နေ့ရက်- ၁၃ မှ ၁၄ ဇူလိုင်လ ၂၁၀၈)
ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေဖို့— သင်နဲ့ သင့်မိသားစုဘာတွေကြိုတင်ပြင်ဆင်ပြီးပြီလဲ— ဒုတိယအကြိမ်ငလျင်ဆိုင်ရာဖိုရမ် (နေ့ရက်- ၁၃ မှ ၁၄ ဇူလိုင်လ ၂၁၀၈) နေရာ- Yangon Technological University (YTU), ရန်ကုန်နည်းပညာ တက္ကသိုလ်၊ အင်းစိန် လမ်းမကြီး၊ ကြို့ကုန်း၊ ရန်ကုန်။ အခမဲ့ စာရင်း ပေးသွင်းရန် www.123formbuilder.com/form-3910719/Event-Registration-Form – ငလျင် မကြာခဏ လှုပ်လျှက်ရှိသည်ကို သင်သတိပြု မိပါသလား၊ သင်ခံစားမိပါသလား? – သင်လဲ ငလျင်ကြောင့် ဘေးသင့်သူတစ်ယောက် ဖြစ်သွားနိုင်ပါတယ် – သေချာတာတစ်ခုကတော့ ငလျင်ဆိုတာ … Read more
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးအသိညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၈)ရက်နေ့တွင် ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ သာစီကုန်းကျေးရွာအုပ်စု၊ ဖုန်းစိုးကျေးရွာ၌ ”မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ” အားပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများအား မိုးကြိုးဘေး၊ ငလျင်ဘေး၊ မုန်းတိုင်းဘေးစသည့် ဘေးများ၏လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
Speed boat (၂) စီး နှင့် Fiber boat (၄၀) စီး လက်ခံရရှိမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကမ္ဘာ့ဘဏ်၏ အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အစီအစဉ် (IRM)ဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများ တွင် အသုံးပြုနိုင်ရန်အတွက် Speed boat (၂)စီး နှင့် Fiber boat (၄၀)စီးတို့အား (၆-၇-၂၀၁၈) ရက်နေ့၌ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပုသိမ် သိုလှောင်ရုံတွင် ကောင်းမွန်စွာ လက်ခံရရှိပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jul2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
အသက်ကယ်အကျီႋများ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်နှင့် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်တောမြို့နယ်ရှိ ရေလမ်းခရီး အသုံးပြုပြီး လှေစီး၍ ကျောင်းတက်ရ သော ပေါက်တော အထက်တန်းကျောင်းရှိ ကျောင်းသား/သူ (၁၇၅) ဦးတို့အတွက် Lifejacket (အသက်ကယ်အကျီႋ) (၁၇၅) ထည်အား (၅-၇-၂၀၁၈) ရက်နေ့တွင် ကျောင်းသား/သူများလက်ဝယ်သို့ တိုက်ရိုက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rbe_jul2018 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ချင်းပြည်နယ် ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက် ကောက်ယူသည့်ပုံစံနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးဆန်းစစ်ချက် (Mobile Application) မိတ်ဆက်ရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် လုပ်ငန်းသုံးပစ္စည်း လွှဲပြောင်းပေးအပ်မှု သတင်း
=================================================== Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM တို့ပူးပေါင်း၍ (၅-၇-၂၀၁၈) ရက်နေ့တွင် ဟားခါးမြို့ရှိ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ချင်းပြည်နယ် ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်ကောက်ယူသည့်ပုံစံနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးဆန်းစစ်ချက် (Mobile Application) မိတ်ဆက်ရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် လုပ်ငန်းသုံးပစ္စည်းလွှဲပြောင်းပေးအပ်ခြင်းကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်မှ အဖွင့်အမှာစကားပြောကြား၍ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေမှ အလုပ်ရုံဆွေးနွေးပွဲ … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၇.၂၀၁၈)ရက်နေ့ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ခေါင်းဖြူကျေးရွာအုပ်စု၊ ဒဂုံကျေးရွာတွင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုကြောင့် (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) အိမ်ခြေ(၁)လုံး ၊ အိမ်ထောင်စု(၁)အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး ၊ တန်ဖိုး(၃၂၃၅၃ိ/-) ၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၆၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)တို့အား (၅.၇.၂၀၁၈)ရက်နေ့တွင် ဘေးသင့် ပြည်သူများထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #rke_jul2018 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ခြင်ဘို့အုပ်စု၊ စစ်ကုန်းအုပ်စု၊ ပဲကြီးကျွန်းအုပ်စုတို့တွင်(၂၉-၆ -၂၀၁၈) ရက်နေ့ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၅၄)လုံး၊ အိမ်ခြေ/အိမ်ထောင်စု (၅၄)စု၊ လူဦးရေ (၂၃၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၅၄)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၄)သိန်း၊ ဆန်ရိက္ခာဖိုး(၄၈၅,၁၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅,၈၈၅,၁၀၀/-)ကျပ်တို့အား (၄.၇.၂၀၁၈)နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2018 … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၌ (၄.၇.၂၀၁၈) ရက်နေ့ (၁၁း၃၀)အချိန်တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇) ရက်စာ(၃၃၆၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀ိ/-)၊စုစုပေါင်း(၃၃၃၆၀၀ိ/-)ကျပ်တို့အား (၅.၇.၂၀၁၈)ရက်နေ့တွင် ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2018 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်အတွက် ကြိုတင်ညှိနှိုင်းခြင်း အစည်းအဝေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဂွေးချောင်းကြီးကျေးရွာတွင် (၁၅.၇.၂၀၁၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်အတွက် ကြိုတင်ညှိနှိုင်းခြင်း အစည်းဝေးကို ယနေ့ (၆.၇.၂၀၁၈)ရက်နေ့ (၉:၃၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းဝေးကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ် မီးသတ်ဦးစီးမှူး၊ မြို့နယ်ကြက်ခြေနီတာဝန်ခံ၊ ချောင်းဗြဲကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဘိုကလေးမြို့စေတနာ့ဝန်ထမ်းအဖွဲ့ခေါင်းဆောင် စိုပြေမြန်မာလူမှုကူညီရေးအသင်းတာဝန်ခံ၊ Arche no va လူမှုကူညီရေးအဖွဲ့မှ တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jul2018 Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၇.၂၀၁၈)ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်၊ အ.ထ.က(၂)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ(၇၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jul2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









