ဟင်္သာတမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 

20_Pic_03

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ (၁၈-၇-၂၀၁၈) ရက်နေ့တွင် တလုထ္ထော် ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ အညာတန်းကျေးရွာ၊ သရက်အုပ်ကျေးရွာအုပ်စု၊ သရက် အုပ်ကြီးကျေးရွာများ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲပျက်စီးသောသော အိမ်ခြေ (၁) လုံးနှင့် တစ်စိတ် တစ်ပိုင်း ပျက်စီးသောအိမ်ခြေ(၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်း (၂၅၀,၀၀၀)ကျပ် လေဘေးသင့်လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၃၇,၈၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၂၈၇,၈၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)အိမ်ထောင်စာနှင့် ကယ်ဆယ် ရေးပစ္စည်း (၁၀)မျိုး (၃)အိမ်ထောင်စာ( တန်ဖိုး-၈၇,၈၈၃) ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၃၇၅,၆၈၃) ကျပ် တို့အား (၁၈-၇-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူ များ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ayy_jul2018

Sign Up

Upcoming Events