ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ခင်ရှည်ကျေးရွာအုပ်စု၊ ခင်ရှည်(တ)ကျေးရွာ၊ ထန်းတပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ၊ ရှားတော ကျေးရွာ၊ သရက်တောကျေးရွာ၊ ချောင်းကူးကျေးရွာအုပ်စု၊ ချောင်းကူးကျေးရွာနှင့် ရေဖြူကျေးရွာ အုပ်စု၊ ခုံသာတောတိုက်တို့တွင် (၁၈/၁၉-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၅၃)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၁၁,၃၀၀)ကျပ်၊ စုစုပေါင်း (၅၆၁,၃၀၀) (ကျပ်ငါးသိန်း ခြောက်သောင်း တစ်ထောင့်သုံးရာတိတိ)တို့အား (၂၀-၇-၂၀၁၈)ရက်နေ့တွင် ပေါက်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်မြင့်စန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_jul2018