လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ နယ်မြေ(၅)တွင်(၁၇ – ၇ – ၂၀၁၈) ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သည့် မီးဘေးတွင် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ (၂) ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး (၄,၂၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်စုစုပေါင်း (၂၀၄,၂၀၀) ကျပ်တို့အား (၂၀-၇-၂၀၁၈) ရက်နေ့ (၁၅း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#kcn_jul2018