ဟင်္သာတမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

20_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ (၁၆-၇-၂၀၁၈) ရက်နေ့တွင် နိဗ္ဗာန် ကျေးရွာ အုပ်စု၊ လေးပြစ်ကုန်းကျေးရွာ၊ ဘေးချောင်ကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာ၊ ပြာကတက်ကျေးရွာ အုပ်စု၊ စံပယ်ကွင်း ကျေးရွာများ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်း (၁၆၀,၀၀၀)ကျပ်၊ လေဘေးသင့်လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၃၅,၇၀၀)ကျပ်၊ ဘာသာရေး ကျောင်း (၁) ကျောင်း ပြိုလဲပျက်စီးမှုအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၉၅,၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ( တန်ဖိုး- ၇၄၀၄၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး( ၄၆၉,၇၄၀) ကျပ် တို့အား (၁၇-၇-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ လေဘေး သင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ayy_jul2018

Sign Up

Upcoming Events