လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်းရှိ (၁၆-၇-၂၀၁၈) ရက်နေ့တွင် တောင်ပို့တစ်ရာကျေးရွာအုပ်စု၊ မေဒုံကျေးရွာ၊ သရွတ်ဝကျေးရွာ တောင်ပို့တစ်ရာကျေးရွာများ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၃) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်း (၄၆၀,၀၀၀) ကျပ်၊ လေဘေးသင့် လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ ရန်ပုံငွေ (၇၅,၆၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၃၅,၆၀၀) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၄)အိမ်ထောင်စာ၊ စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး (၇၀၆,၆၉၉) ကျပ်တို့အား (၁၇-၇-၂၀၁၈) ရက်နေ့တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ တောင်ပို့တစ်ရာအုပ်စု၊ တောင်ပို့တစ်ရာကျေးရွာ၌ လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_jul2018