လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၇.၂၀၁၈)ရက်နေ့ (၀၅း၀၀) အချိန်၌ လယ်ဝေးမြို့နယ်အတွင်း တောင်ကျရေများပြီး ပတ္တာချောင်းရေမြင့်တက်တိုက်စားလာမှုကြောင့် ကူသပိတ်ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာတွင် ကမ်းပါးများပြိုကျမှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၁) လုံး ကြိုတင်ပြောင်းရွှေ့ခြင်းအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ဖိုးငွေ (၆,၃၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၆,၃၀၀) ကျပ်နှင့် (၁၈,၆၆၀) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၁)အိမ်ထောင်စာတို့အား (၂၀-၇-၂၀၁၈)နေ့ (၁၀:၃၀) အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#npw_jul2018