တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် ရေကြီး ရေလျှံမှုအခြေအနေနှင့် ထောက်ပံ့ကူညီမှုအခြေအနေ

 

21_Pic_04 21_Pic_03 21_Pic_02 21_Pic_01

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် ကျေးရွာ၊ ရပ်ကွက်များအတွင်း ရေများ၀င်ရောက်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ (၂၀-၇-၂၀၁၈)နေ့ အခြေအနေအရ တနင်္သာရီမြို့နယ်တွင် အိမ်ထောင်စု(၇၀၀)ခန့်၊ လူဦးရေ(၃၅၀၀)ကျော်ခန့်တို့ကိုလည်းကောင်း၊ ပုလောမြို့နယ်တွင် အိမ်ထောင်စု (၁၂၀)ခန့်၊ လူဦးရေ(၅၉၀)ခန့်တို့ကို လည်းကောင်း စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းများနှင့် နီးစပ်ရာဆွေမျိုးနေအိမ်များသို့ ခေတ္တပြောင်းရွှေ့ပေးခဲ့ ရပါသည်။ အဆိုပါ ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးလျက်ရှိရာ (၁၉-၇-၂၀၁၈)နေ့နှင့်(၂၀-၇-၂၀၁၈)နေ့တို့တွင် တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့မှ ပြောင်းရွှေ့ပြည်သူများအတွက် စုစုပေါင်း (၃,၄၂၃,၀၀၀) (ကျပ် သုံးဆယ့် လေးသိန်း နှစ်သောင်း သုံးထောင်)ကို ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ကူညီထောက်ပံ့မှု များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#ha_fld

#tny_jul2018

Sign Up

Upcoming Events