Category Archives: News
-
သောက်သုံးရေကန်ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)၊ ဦးဝင်းဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဆင်စွယ်ကျေးရွာအုပ်စု၊ ကျော်ရွာကျေးရွာ၌ သောက်သုံးရေကန်ပြုပြင်ရန် အတွက် ငွေကျပ်သိန်း (၁၇၀)တိတိအား ထောက်ပံ့ခဲ့ရာ (၁၀-၇-၂၀၁၈)ရက်နေ့တွင် အဆိုပါ သောက်သုံးရေကန်ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jul2018 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) အချိန်မှ (၁၆း၃၀) နာရီအချိန်အထိ မြိတ်မြို့နယ် သားဖွားသင်တန်းကျောင်းခန်းမ၌ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာမများနှင့် သူနာပြုသင်တန်းသူများ စုစုပေါင်း (၁၀၈) ဦးတို့အား သဘာဝဘေး များနှင့် မိုးကြိုးဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေးဟော ပြောခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်များနှင့် ဘောလ်ပင်များဝေငှပေးခြင်းနှင့် မိုးကြိုးဘေး ဗီနိုင်းပိုစတာ (၁) ခု ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရ ရှိပါသည်။ … Read more
-
မယ်စဲ့မြို့နယ်၊ အ.ထ.က(မယ်စဲ့)ကျောင်းနှင့် အ.ထ.က(ဟိုစဲ့)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
=================================================== Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၈) ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ အ.ထ.က(မယ်စဲ့)ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၇၀) ဦးနှင့် အ.ထ.က(ဟိုစဲ့)ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၆၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
ထားဝယ်ရေနံလုပ်ကွက် (M-9) ဇောတိကရေနံစင်အနီး ပင်လယ်ပြင်၌ စက်လှေနစ်မြုပ်၍ မျောပါခဲ့သည့် ငါးဖမ်းရေလုပ်သား မြန်မာနိုင်ငံသား (၁၂) ဦးအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== ဧရာဝတီရေတပ်စခန်းဌာနချုပ်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာနမှ တာဝန်ယူဆောင်ရွက်ရသည့် M/S. PTTEP INTL PTE ပိုင် TUB-HAIDUONG-01 သင်္ဘောမှ တာဝန်ရှိသူများသည် (၇-၇-၂၀၁၈) ရက်နေ့တွင် ထားဝယ်ရေနံလုပ်ကွက် (M-9) ဇောတိကရေနံစင်အနီး ပင်လယ်ပြင်၌ စက်လှေနစ်မြုပ်၍ မျောပါနေသည့် ငါးဖမ်းရေလုပ်သား မြန်မာနိုင်ငံသား (၁၂) ဦးအား တွေ့ရှိသဖြင့် ပူးပေါင်းကယ်ဆယ်ခဲ့ကြပြီး အဆိုပါသင်္ဘောဖြင့် (၁၀-၇-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် သာကေတဆိပ်ကမ်း MOGE တံတားသို့ ငါးဖမ်းရေလုပ်သား … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ၆/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊၁၀-၇-၂၀၁၈ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏၆/၂၀၁၈လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့ရာ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဌဖြစ်သူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဥက္ကဌဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ကော်မတီအတွင်းရေးမှူးဖြစ်သူ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ တွဲဖက်အတွင်းရေးမှူးဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ … Read more
-
စစ်တောင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကျင်မြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၌ စစ်တောင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ခဲ့ရသော နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/)ကျပ်နှင့် လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၃၉,၉၀၀ိ/-)ကျပ်တို့အား (၁၀-၇-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သထုံမြို့နယ်၊ အနန်းပင်ကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြို့နယ်၊ အနန်းပင်ကျေးရွာ၌ (၉-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ Family Kit (၁) ထုပ်၊ ရေပုံး အဖုံးပါ (၂) ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃,၁၀၀ိ/-)ကျပ်၊ … Read more
-
မြေပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာ၌ (၆-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၈) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၆,၈၀၀ိ/-) ကျပ်တို့အား (၁၀-၇-၂၀၁၈) ရက်နေ့ (၁၁း၀၀) … Read more
-
မြေပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ရှပ်ပုံကျေးရွာ ရွာတန်းလမ်း၌ (၅-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀ိ/-) ကျပ်တို့အား (၁၀-၇-၂၀၁၈) ရက်နေ့ … Read more
-
မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၇.၂၀၁၈)နေ့၊ (၁၃း၃၀)နာရီမှ (၁၅း၀၀)နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ရှားပေါင်ဓမ္မာရုံ၌ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀)ဦးကျော်အား မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပြီး ဘေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်၊ မိုးကြိုးဘေးဗီနိုင်းပိုစတာနှင့် ဆပ်ပြာမှုန့်ထုပ်ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar_tls #bgo_jul2018 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









