လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ အောင်မိုးဟိန်းကျေးရွာ၌ (၂၀-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီး နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၈၀,၀၀၀) ကျပ်အား (၂၃-၇-၂၀၁၈) ရက်နေ့၊ ညနေ (၁၅း၃၀) အချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲကြောင်း သတင်းရရှိ ပါသည်။
#ha_sgw
#bgo_july2018
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)