လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာအုပ်စုနှင့် ညောင်ကျေးရွာအုပ်စုတို့၌ (၁၇-၇-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၂) လုံး၊ နေအိမ်အဆောင် (၅) လုံး၊ အိမ်ထောင်စု (၅၅) စုမှ လူဦးရေ (၂၁၅) ဦးတို့ဘေးသင့်ခဲ့ရာ
အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၅၁,၅၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀၁,၅၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၅၅) အိမ်ထောင်စာအား (၂၃-၇-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက် ထောက်ပံ့ပေးအပ်ခဲကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ygn_july2018
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)