
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားသည့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာရှိ စခန်း(၄)ခုနှင့် ဖားကန့်မြို့နယ်၊ လဝါးကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၃၀၁)စု၊ လူဦးရေ(၁၃၅၃)ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဆောင်သောဌာနဆိုင်ရာအဖွဲ့တို့နှင့်အတူ (၂၃.၇.၂၀၁၈)ရက်နေ့တွင် အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအား တွေ့ဆုံအားပေး၍ တန်ဖိုးငွေကျပ် (၁၆,၇၄၇,၈၇၅/-)ရှိ ဆန်၊ဆီ၊ဆား၊ ပဲ (၁)လစာအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#kcn_jul2018
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)