မြေပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

24_Pic_01 24_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၇.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ တောင်ပေါ်ကျေးရွာ၌ မြေပြိုဘေး ကြောင့် သေဆုံးသူ(၂)ဦးအတွက် ရန်ပုံငွေ(၆၀၀၀၀၀/-)ကျပ်၊ ဒဏ်ရာရ(၁)ဦးအတွက် ရန်ပုံငွေ(၅၀၀၀၀/-)ကျပ်၊ ပြိုကျနေအိမ် (၁)အိမ်ထောင် အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)အိမ်ထောင်စာ၊ Shelter Kit ပစ္စည်း(၅)မျိုးပါ (၁)စုံ၊ (မိုးကာတဲ(၆)ဦးဆံ့(၁)လုံး(ငှားရမ်းခြင်း))နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၃၀၀/-)ကျပ်၊ စုစုပေါင်း(၇၅၆၃၀၀/-)ကျပ်တို့အား  (၂၁.၇.၂၀၁၈)ရက်နေ့ ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_lsd
#kyh_jul2018
Source:     ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events