
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်၊ ရှေ့ဆောင်ရပ်ကွက်၊ ဗောဓိကုန်းကျေးရွာနှင့် ဒေါင့်မှန်ကုန်းကျေးရွာတို့၌ (၁၆.၇.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁၆) လုံး၊ အိမ်ထောင်စု (၁၉)စုမှ လူဦးရေ (၈၀)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၃)ပုံး (၁၁၂,၀၅၉/-)ကျပ်၊ ပစ္စည်း၁၁မျိုး (၁၆)ပုံး (၂၉၆,၁၆၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁,၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၆၈,၀၀၀/-)ကျပ်၊ အမိုးလန် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-)၊ စုစုပေါင်းတန်ဖိုးငွေ (၁,၇၇၆,၂၁၉/-)ကျပ်တို့အား (၂၃.၇.၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ရေကြည်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)မှ ခရိုင်ဦးစီးမှူး ဦးဝင်းဇော်ဌေးတို့နှင့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိရပါသည်။
#ha_sgw
#ayy_jul2018
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)