
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၇.၂၀၁၈)ရက်နေ့ (၁၅း၄၅)နာရီအချိန်၌ ပျဉ်းမနားမြို့နယ်အတွင်း ကျွန်းဦးကျေးရွာ အုပ်စု၊ ကျွန်းဦးကျေးရွာတွင် မီးဘေးဖြစ်ပွားမှုကြောင့် လူနေအိမ်(၁)လုံး မီးလောင်ကျွမ်းခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ဖိုးငွေ(၈၄၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈၄၀၀/-)ကျပ်နှင့် (၃၇၃၅၃/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စာတို့အား (၂၃.၇.၂၀၁၈)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့သွားရောက် ထောက်ပံ့ခဲ့ဲ ကြောင်း သတင်းရရှိပါသည်။
#ha_fir
#npw_jul2018
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)