ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း (၁၀) ခုရွိ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၇) ရက်စာအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

23 Pic 01

===================================================
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လှိုင်းဘွဲချောင်း၊ ပိုင်ကျုံချောင်းနှင့် ရွှေဂွန်းကျေးရွာများ၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် လှိုင်းဘွဲမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း (၁၀) ခုဖွင့်လှစ်၍ အိမ်ထောင်စု(၂၅၂)စု၊ လူဦးရေ(၁၂၇၈) ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး (၂၃-၇-၂၀၁၈) ရက်နေ့တွင် အဆိုပါရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ(၇) ရက်စာ ကျသင့်ငွေ (၂၆၈၃၈၀၀ိ/-) အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events