Category Archives: News
-
ကယ်ဆယ်ရေးစခန်း၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၂၆-၇-၂၀၁၈) ရက်နေ့တွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများဖြစ်သော မိုးကုတ်ဓမ္မရိပ်သာ၊ မြို့ဦးကျောင်းတိုက်၊ ကသစ်ဝိုင်ဓမ္မရိပ်သာတို့၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများနှင့် ကျေးရွာ (၃) ရွာမှ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများ စုစုပေါင်းလူဦးရေ (၆၂၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ စုစုပေါင်းထောက်ပံ့ငွေ (၁,၃၀၆,၂၀၀ိ/-) ကျပ်အား အဆိုပါစခန်းများသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပြီး အားပေးစကားပြောခြင်း၊ ရေဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း စသည်တို့ကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလူဦးရေစာရင်းမှာ (၂၅-၇-၂၀၁၈) … Read more
-
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၆-၇-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်မှ (၁၆း၃၀) နာရီအချိန်ထိ မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် သင်တန်းသား/ သူများအား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူ များအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ar #ayy_july2018 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၇.၂၀၁၈)ရက်နေ့တွင် ရေဖြူမြို့နယ်ကျခတ်ပင်အင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသည့် အိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁) သိန်းနှင့် လူ(၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၄၇၀၀/-)ကျပ်၊ (၂၄.၇.၂၀၁၇) နေ့တွင် ရေဖြူမြို့နယ်၊ ရငဲကျေးရွာ၌ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု တွင် ကနဦးပြောင်းရွှေ့အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၂)ဦးအတွက် ဆန်ဖိုး (၆၇၂၀၀)ကျပ်တို့အား (၂၆.၇.၂၀၁၈)ရက်နေ့ (၁၅း၃၀)နာရီ အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jul2018 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာ၌ (၁၆-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် နေအိမ် (၁) လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် (၂၆-၇-၂၀၁၈) ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁) သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတို့တွင် (၂၆.၇.၂၀၁၈)ရက်နေ့၊ (၁၀း၃၀)နာရီအချိန်၌ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေတိုက်စား၍ကမ်းပါးပြို ကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၂၉၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၄၂၉၄၀၀ိ/-)ကျပ်တို့အား (၂၆.၇.၂၀၁၈)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး မှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2018 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး … Read more
-
ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းကျေးရွာအုပ်စု ၊ သောင်ပြင်ကုန်းကျေးရွာ၌ (၂၃-၇-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀ိ/-) ကျပ်အား (၂၆-၇-၂၀၁၈) ရက်နေ့တွင် ပြည်သူများကိုယ်စား ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_july2018 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဘီလင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထပ်မံထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၅)ကွက်နှင့် ကျေးရွာ (၅)ရွာရှိ ကယ်ဆယ်ရေးစခန်း(၁၉)ခုသို့ (၂၆-၇-၂၀၁၈)ရက်နေ့ တွင် ဘီးလင်းမြို့နယ်၊ သာသနာ့ဗိမာန်၌ ထပ်တိုးရေဘေးရှောင်ပြည်သူ အိမ်ထောင်စု (၃၁၁)စု၊ လူဦးရေ (၁၃၇၁)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၂၈၇၉၁၀၀ိ/-) ကျပ်အား (၂၆-၇-၂၀၁၈)ရက်နေ့တွင် ရေဘေးရှောင်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ရာ ယခုချိန်အထိ စုစုပေါင်း အိမ်ထောင်စု (၅၇၀)စု၊ လူဦးရေ (၂၄၂၄)ဦးအတွက် ဆန်ဖိုးငွေ (၇)ရက်စာ (၅,၀၆၉,၄၀၀/-)ကျပ်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_jul2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကိုင်းကြီးအုပ်စု၊ ကိုင်းကြီးကျေးရွာ၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် ဘူးရိုးချောင်းရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကြိုတင် ပြောင်းရွှေ့နေအိမ် (၃)လုံးအားလည်းကောင်း၊ ဆင်တဲအုပ်စု၊ စမ်းပေါက်ချောင်းကျေးရွာ၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၂) လုံး အားလည်းကောင်း စုစုပေါင်း ကြိုတင်ပြောင်းရွှေ့နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀ိ/-) ကျပ်အား (၂၆-၇-၂၀၁၈) ရက်နေ့ နေ့လည် (၁၄း၀၀) နာရီအချိန်တွင် … Read more
-
မြစ်ရေကြီးခြင်း သတိပေးချက်
================================================= ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီချိန်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက် ကိုအောက်ပါအတိုင်းထုတ်ပြန်ထားပါသည်။ ============================================== ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တိုင်းထွာချက် အရစစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ============================================== သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
မြစ်ရေကြီးမှုအခြေအနေသတင်း
================================================ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီချိန်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှူအခြေအနေသတင်း ကိုအောက်ပါအတိုင်းထုတ်ပြန်ထားပါသည်။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရသံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီးနောက် (၂)ရက်အတွင်းပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ============================================== စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရစစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၄)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီးနောက် (၃)ရက်အတွင်းယင်းမြို့၏ … Read more









