Category Archives: News
-
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စု၊ သင်္ကန်းလေး ကျေးရွာ၌ (၄-၈-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၁) ပုံး၊ ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၈,၄၀၀ိ/-) ကျပ်တို့အား လပွတ္တာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ (၅-၈-၂၀၁၈) … Read more
-
ရေဘေးရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြို့၊ ဒူးရင်းဆိပ်ကျေးရွာ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု (၉၄) စု၊ လူဦးရေ (၄၄၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅) ရက်စာ (၆၆၃,၀၀၀ိ/-)ကျပ်တို့အား (၅-၈-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mon_aug2018
-
ရေဘေးရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြို့၊ ဈေးမသွယ်ကျေးရွာထပ်တိုးရေဘေးရှောင်အိမ်ထောင်စု (၄၈) စုမှ လူဦးရေ (၂၂၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၆၈,၃၀၀ိ/-) ကျပ်တို့အား (၃၀-၇-၂၀၁၈) ရက်နေ့တွင် ဈေးမသွယ်ကျေးရွာ ရေဘေးရှောင်စခန်းသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mon_aug2018
-
မြန်မာနိုင်ငံ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် လူငယ်များပါဝင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုပိုမိုဖြစ်ပေါ်လာမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
၅.၈.၂၀၁၈၊ နေပြည်တော် ၂၀၁၈ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲရေး (တတိယ) အကြိမ်အစည်းအဝေးကိုကျင်းပခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးလူငယ်ကိုယ်စားလှယ်များ၊ UN Agencies နှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၊ နည်းပညာအကြံပေးပုဂ္ဂိုလ်နှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၅၃) ဦး တက်ရောက်ခဲ့ပါသည်။ … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း (၄.၈.၂၀၁၈) ရက်နေ့ (၀၆:၀၀) အချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိတောက်ချောင်ကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာတွင် ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု (၃၈)စု၊ လူဦးရေ (၁၀၈) ဦးအတွက် ဆန်ဖိုး ငွေ(၂၂၆၈၀၀) ကျပ်နှင့် လက်ပံခုန် ကျေးရွာရှိ အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၁၀၇) ဦးအတွက် ဆန်ဖိုးငွေ(၂၂၄၇၀၀) ကျပ်၊ စုစုပေါင်း အိမ်ထောင်စု (၅၉) စုမှ … Read more
-
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသောရေဘေးသင့်ဒေသများအတွက် အလှူငွေများပေးအပ် လှူဒါန်းခြင်းနှင့် ပဲခူးတိုင်းဒေသကြီးရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းစည်းဝေး
=============================================== ၄.၈.၂၀၁၈၊ နေပြည်တော် —— မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသရှိပြည်သူများအတွက် အလှူငွေ၊ အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော သဘာဝဘေးများသည် ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှုနှင့်ဆက်စပ်လျက်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ သည်သဘာဝဘေးအန္တရာယ်ဖြစ်နိုင်မှု အများဆုံးနိုင်ငံများထဲတွင်ပါဝင်သဖြင့် သဘာဝဘေး အန္တရာယ်များကိုရင်ဆိုင်ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီးသတိပေးချက်များ ထုတ်ပြန်ခြင်း၊ ပြည်သူများ ကြိုတင်ပြင်ဆင်၍ ရင်ဆိုင်နိုင်ရန် … Read more
-
လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေသားရေတိုက်စားခံရမှုကြောင့် ကုက္ကိုပင်အမြစ်လန်လဲကျခဲ့၍ အမိုးလန်ပျက်စီးခဲ့သည့် ဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာ၌ (၃-၈-၁၈) ရက်နေ့၊ (၀၃း၀၀)နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားရေတိုက်စားခံရမှုကြောင့် ရန်ကုန်-မန္တလေးကားလမ်းဟောင်း ဘေးညာဘက်ရှိ ကုက္ကိုပင်လုံးပတ် (၁၀)ပေခန့် အမြစ်လန်၍ လဲကျခဲ့ရာ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀ိ/-)နှင့် လူဦးရေ(၃)ဦးအတွက် ဆန်ဖိုးငွေ(၆၃၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၅၆၃၀၀ိ/-)နှင့် (၁၈၆၆၀ိ/-) တန်ဖိုးငွေရှိ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၁)အိမ်ထောင်စာတို့ကို (၃-၈-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
လတ်တလောရေကြီးရေလွှမ်းမိုးမှုအခြေအနေပြ ဂြိုဟ်တုပုံရိပ်သုံး မြေပုံများ (၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွေ့ရှိချက်အရ) မော်လမြိုင်၊ ဖါးအံ ၊ ကျိုက်မရော ၊ ပေါင် ၊ လှိုင်းဘွဲ့ ဒေသ ရေလွမ်းမှိုးမှု အခြေအနေပြ အသေးစိတ်မြေပုံများ
လတ်တလောရေကြီးရေလွှမ်းမိုးမှုအခြေအနေများကို အောက်ပါမြေပုံများတွင် ကြည့်ရှုနိုင်ပါသည်။ မြေပုံများမှာ ALOS2 ဂြိုဟ်တုမှ ရိုက်ကူးထားသော ဂြိုဟ်တုပုံရိပ်များမှ ရရှိလာသည့် အချက်အလက်များကို အခြေခံ၍ ရေလွှမ်းမိုးနေသည့် နေရာများကို တွက်ယူထားခြင်း ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် တည်ရှိရသော ရေကို ပန်းရောင်ဖြင့်လည်းကောင်း၊ မြစ်၊ ချောင်းနှင့် ကန်များကို အပြာရောင်ဖြင့်လည်းကောင်း ဖော်ပြထားပါသည်။ ယခု ထုတ်ယူထားသည့် မြေပုံများသည် မြေပြင်ပေါ်တွင် လတ်တလော တွေ့ရှိရသည့် ရေပြင်ဖုံးလွှမ်းမှုအခြေအနေကိုသာ ကိုယ်စားပြုပြီး မြေပြင်အခြေအနေနှင့် … Read more
-
မြဝတီမြို့ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်းမှုသတင်း
မြဝတီမြို့၊ မြဝတီခရိုင်၊ သောင်ရင်းခန်းမ၌ (၃-၈-၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၃း၃၀) နာရီအချိန်တွင် ထိုင်းနိုင်ငံ (Thailand International Cooperation Agency နှင့် Department of Skill Development) မှ စီစဉ်ပြုလုပ်သည့် မြန်မာ – ထိုင်း အလုပ်သမားစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံ (Tak) ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ ရေဘေးရှောင်ပြည်သူများ အတွက်ဆန်အိတ်သေး (၄၇၅) အိတ်၊ ရေသန့်ဘူး (၁၂) ဘူးပါ (၂၂၇) ကတ်၊ … Read more
-
ကချင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ငလျင်ဘေးအန္တရာယ် အသိပညာပေးဆောင်ရွက်သူများအတွက် နည်းပြသင်တန်းဖွင့်ပွဲကျင်းပ မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် UNDP အဖွဲ့အစည်းတို့ပူးပေါင်း၍ (၃.၈.၂၀၁၈)ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဒီရာဟိုတယ်၊ ခန်းမ(၂)၌ ကချင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ငလျင်ဘေးအန္တရယ် အသိပညာပေးဆောင်ရွက်သူများအတွက် နည်းပြသင်တန်းကို ခရိုင်/မြို့နယ် အသီးသီးမှ ဆရာ/ဆရာမ(၂၄)ဦး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (၆)ဦး၊ စုစုပေါင်း သင်တန်သား၊ သင်တန်းသူ(၃၁)ဦး ဖြင့် ဖွင့်လှစ်ကျင်းပခဲ့ရာ အဆိုပါသင်တန်းကာလမှာ (၃.၈.၂၀၁၈)ရက်နေ့မှ (၅.၈.၂၀၁၈)ရက်နေ့ထိ (၃)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar_eqk #kcn_aug2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









