
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် UNDP အဖွဲ့အစည်းတို့ပူးပေါင်း၍ (၃.၈.၂၀၁၈)ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဒီရာဟိုတယ်၊ ခန်းမ(၂)၌ ကချင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ငလျင်ဘေးအန္တရယ် အသိပညာပေးဆောင်ရွက်သူများအတွက် နည်းပြသင်တန်းကို ခရိုင်/မြို့နယ် အသီးသီးမှ ဆရာ/ဆရာမ(၂၄)ဦး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (၆)ဦး၊ စုစုပေါင်း သင်တန်သား၊ သင်တန်းသူ(၃၁)ဦး ဖြင့် ဖွင့်လှစ်ကျင်းပခဲ့ရာ အဆိုပါသင်တန်းကာလမှာ (၃.၈.၂၀၁၈)ရက်နေ့မှ (၅.၈.၂၀၁၈)ရက်နေ့ထိ (၃)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#ar_eqk
#kcn_aug2018
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)