မြဝတီမြို့၊ မြဝတီခရိုင်၊ သောင်ရင်းခန်းမ၌ (၃-၈-၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၃း၃၀) နာရီအချိန်တွင် ထိုင်းနိုင်ငံ (Thailand International Cooperation Agency နှင့် Department of Skill Development) မှ စီစဉ်ပြုလုပ်သည့် မြန်မာ – ထိုင်း အလုပ်သမားစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံ (Tak) ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ ရေဘေးရှောင်ပြည်သူများ အတွက်ဆန်အိတ်သေး (၄၇၅) အိတ်၊ ရေသန့်ဘူး (၁၂) ဘူးပါ (၂၂၇) ကတ်၊ ခေါက်ဆွဲခြောက်ပါကင်ဘူးကြီး (၂) ဘူး၊ ခေါက်ဆွဲခြောက်ပါကင်ဘူးသေး (၄) ဘူး၊ နွားနီနို့ဘူးပါကင် (၆) ဘူး၊ ငါးသေတ္တာပါကင်ဘူးကြီး (၁) ဘူး၊ ငါးသေတ္တာ (၁၀) လုံးပါ (၇) ကတ်နှင့် ပစ္စည်းစုံအိတ် (၂၂၉) အိတ်တို့အား လှူဒါန်းခဲ့ရာ မြဝတီခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြဝတီခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများက လက်ခံဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_fld
#krn_aug2018
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)