လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေသားရေတိုက်စားခံရမှုကြောင့် ကုက္ကိုပင်အမြစ်လန်လဲကျခဲ့၍ အမိုးလန်ပျက်စီးခဲ့သည့် ဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

4 Pic 01

===================================================
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာ၌ (၃-၈-၁၈) ရက်နေ့၊ (၀၃း၀၀)နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားရေတိုက်စားခံရမှုကြောင့် ရန်ကုန်-မန္တလေးကားလမ်းဟောင်း ဘေးညာဘက်ရှိ ကုက္ကိုပင်လုံးပတ် (၁၀)ပေခန့် အမြစ်လန်၍ လဲကျခဲ့ရာ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀ိ/-)နှင့် လူဦးရေ(၃)ဦးအတွက် ဆန်ဖိုးငွေ(၆၃၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၅၆၃၀၀ိ/-)နှင့် (၁၈၆၆၀ိ/-) တန်ဖိုးငွေရှိ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၁)အိမ်ထောင်စာတို့ကို (၃-၈-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events