မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသောရေဘေးသင့်ဒေသများအတွက် အလှူငွေများပေးအပ် လှူဒါန်းခြင်းနှင့် ပဲခူးတိုင်းဒေသကြီးရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းစည်းဝေး

4 Pic 01

4 Pic 02

===============================================
၄.၈.၂၀၁၈၊ နေပြည်တော်

——

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသရှိပြည်သူများအတွက် အလှူငွေ၊ အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော သဘာဝဘေးများသည် ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှုနှင့်ဆက်စပ်လျက်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ သည်သဘာဝဘေးအန္တရာယ်ဖြစ်နိုင်မှု အများဆုံးနိုင်ငံများထဲတွင်ပါဝင်သဖြင့် သဘာဝဘေး အန္တရာယ်များကိုရင်ဆိုင်ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီးသတိပေးချက်များ ထုတ်ပြန်ခြင်း၊ ပြည်သူများ ကြိုတင်ပြင်ဆင်၍ ရင်ဆိုင်နိုင်ရန် ဆောင်ရွက်သကဲ့သို့ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးမှုများသာမက ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ယခုအချိန်ကတည်းက စီမံချက်များ ရေးဆွဲဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ချို့တွင် ရေဘေးသင့်မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ လူမှုအဖွဲ့အစည်း များ၊ ပြည်သူများ ပူးပေါင်းမှုဖြင့် ဆောင်ရွက်နေပါကြောင်း၊ ထိုသို့လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ၏ ပါဝင်လာခြင်းအတွက် အထူးဝမ်းမြောက်ရပါကြောင်း၊ ယခုတက်ရောက်လာ ကြသော အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများ၊ မိသားစုများကလည်း ပြည်သူများပင်ဖြစ်ပါကြောင်း၊ ယခုလို ပြည်သူများ ဘေးအန္တရာယ်ကြုံတွေ့နေရသည့်အချိန်တွင် ပြည်သူများက ထောက်ပံ့ပေးခြင်းသည် အလွန်ကောင်းမွန်သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လှူဒါန်းလာသည့်ပစ္စည်းများကို အလေအလွင့်မရှိအောင် ဘေးသင့်ပြည်သူများထံသို့ စနစ်တကျ ပြန်လည်ဖြန့်ဝေပေးမည်ဖြစ်ပါကြောင်းနှင့်ယနေ့ လာရောက် လှူဒါန်း ပေးကြသောသူများကို ရေဘေးသင့်ပြည်သူများကိုယ်စား မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် စေတနာရှင်အသင်းအဖွဲ့၊ ဖောင်ဒေးရှင်း၊ မိသားစု(၃၁)စုတို့မှ လှူဒါန်းငွေ ကျပ်
(၁၉၉,၆၃၁,၀၀၀ိ/-) အသီးသီး ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ဒေသများတွင် ဖြစ်ပေါ်ခဲ့သောပျက်ဆီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ပြန်လည် ထူထောင်ရေး လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းပွဲကိုတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှိ တော်ဝင်ဟံသာခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ဒေသများတွင်အခြေခံအဆောက်အဦများ၊ လမ်း တံတားများ၊ လယ်ယာစိုက်ပျိုးမြေများ ပျက်စီး ဆုံးရှုံးခဲ့ရပါကြောင်း၊ ယခုအခါရေများ ကျဆင်းနေပြီဖြစ်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဖြစ်သော သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေး၊ စိုက်ပျိုးမြေများပြန်လည်စိုက်ပျိုးနိုင်ရေး၊ လမ်းတံတားများ ပြန်လည်ကောင်းမွန်လာစေရန်အမြန် ပြုပြင်ရေး၊ ပြည်သူများအသက်မွေး ဝမ်းကြောင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စတင်နေပြီ ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာတာဝန်ခံ များအနေဖြင့် သတင်းအချက်အလက်ရရှိရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စုပေါင်းအားဖြင့် ဆောင်ရွက်ရန်ဖြစ်ပြီး အကောင်အထည်ဖော် ရာတွင် လိုအပ်သော အချက်အလက်များ အမြန်ရရှိရေး၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများက တိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီများသို့ ဆက်သွယ်ပူးပေါင်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အမြန်တင်ပြစေလိုကြောင်း၊ ပြည်ထောင်စု အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေး ညှိနှိုင်းမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်မည် ဖြစ်ကြောင်း ဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရေကြီးရေလျှံမှုစတင်ဖြစ်ပွားခဲ့ သောအချိန်မှ ယနေ့အထိအခြေအနေများဖြစ်သော မြစ်ရေများစိုးရိမ်ရေအမှတ်အထက်သို့ အသီးသီးရောက်ရှိခဲ့မှုအခြေအနေများ၊ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်မှုအခြေအနေ၊ လက်တလောစားသုံးရန် စားနပ်ရိက္ခာများထောက်ပံ့ကူညီပေးနိုင်မှု၊ လမ်းတံတားနှင့် တာများ၏ ကြံ့ခိုင်မှုနှင့် ကျိုးပေါက်မှုအခြေအနေများ၊ စိုက်ပျိုးမြေနှင့် သီနှံပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ အခြေခံအဆောက်အဦများ ပျက်ဆီးဆုံးရှုံးမှုအခြေအနေများနှင့် ရှေ့ဆက် ဆောင်ရွက်လိုသည့် လုပ်ငန်းများကိုတင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ယခုလိုပြန်လည်ထူထောင်ရေး လုပ်ငန်းများအမြန်စတင်ဆောင်ရွက်ခြင်းသည် ပြည်သူများအတွက် အကျိုးရှိစေပြီး လူမှုစီးပွား ဘဝဖွံံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုပါကြောင်း၊ ပျက်ဆီးဆုံးရှုံးမှုများးကို ပြန်လည်တည်ဆောက်ရာတွင် ဘက်ဂျက်နှင့် ငွေကြေးသုံးစွဲမှုကိစ္စရပ်များတွင် အခက်အခဲရှိပါက ပြန်လည်ထူထောင်ရေးညှိနှိုင်းမှုကော်မတီနှင့်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီတို့က ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ပြည်သူများ၏ လိုအပ်ချက်များကို အစိုးရ၊လွှတ်တော်၊ စေတနာရှင်ပြည်သူများ စုပေါင်းအားဖြင့် အမြန်ဖြည့်ဆည်း နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားပြီး ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ ပါသည်။
(၃-၈-၂၀၁၈)ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဈေးမသွယ်ကျေးရွာရှိ ယာယီရေဘေးရှောင်စခန်းသို့ရောက်ရှိကြပြီး စခန်းရှိ ပြည်သူများ၏ စားသောက်နေထိုင်မှုအခြေအနေများ၊ ကူညီထောက်ပံ့ပစ္စည်းများရရှိမှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများနှင့် လိုအပ်ချက်များကို ကြည့်ရှုပြီး လတ်တလော စားသုံးရန် ဆန်ရိက္ခာဖိုးနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ရင်ခွင်ပိုက်ကလေးနှင့်မိခင်များကို ထောက်ပံ့ငွေများပေးအပ်ပြီး ကလေးငယ်များအတွက် အာဟာရမုန့်နှင့် ပဲနို့တို့ကိုပေးအပ် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events