လတ်တလောရေကြီးရေလွှမ်းမိုးမှုအခြေအနေများကို အောက်ပါမြေပုံများတွင် ကြည့်ရှုနိုင်ပါသည်။ မြေပုံများမှာ ALOS2 ဂြိုဟ်တုမှ ရိုက်ကူးထားသော ဂြိုဟ်တုပုံရိပ်များမှ ရရှိလာသည့် အချက်အလက်များကို အခြေခံ၍ ရေလွှမ်းမိုးနေသည့် နေရာများကို တွက်ယူထားခြင်း ဖြစ်ပါသည်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် တည်ရှိရသော ရေကို ပန်းရောင်ဖြင့်လည်းကောင်း၊ မြစ်၊ ချောင်းနှင့် ကန်များကို အပြာရောင်ဖြင့်လည်းကောင်း ဖော်ပြထားပါသည်။
ယခု ထုတ်ယူထားသည့် မြေပုံများသည် မြေပြင်ပေါ်တွင် လတ်တလော တွေ့ရှိရသည့် ရေပြင်ဖုံးလွှမ်းမှုအခြေအနေကိုသာ ကိုယ်စားပြုပြီး မြေပြင်အခြေအနေနှင့် အမှန်တကယ် ရေကြီးရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်သော ရေပြင် ဟုတ်/မဟုတ် တိုက်ဆိုင်စစ်ဆေးမှု ပြုလုပ်ရမည် ဖြစ်ပါသည်။
ကန့်သတ်ချက်အနေဖြင့် မြို့ပြ၊ ကျေးရွာနှင့် အဆောက်အဦးစသည့်နေရာများတွင် ရေဝင်ရောက်ခြင်းကို ဂြိုဟ်တုပုံရိပ်များမှ မမြင်နိုင်ပေ။
မူလရှိထားသော ရေ၊ လယ်ကွင်းများနှင့် တောင်၏အရိပ် ကျရောက်သော နေရာများတွင် ပုံရိပ်မှ အချက်အလက်များမှာ အနည်းငယ် ခွဲခြား၍ ခက်ခဲနိုင်ပါသည်။
၂၀၁၈ သြဂုတ်လ ၂ ရက်နေ့ မော်လမြိုင်၊ ဖါးအံ ၊ ကျိုက်မရော ၊ ပေါင် ၊ လှိုင်းဘွဲ့ ဒေသ ရေလွမ်းမှိုးမှု အခြေအနေပြ အသေးစိတ်မြေပုံ။
မော်လမြိုင် ၊ ဖားအံ ၊ ကျိုက်မရော PNG မြေပုံ 5 MB @ https://tinyurl.com/y8fav78s
မော်လမြိုင် ၊ ဖားအံ ၊ ပေါင် ၊ ကျိုက်မရော PNG မြေပုံ 7 MB @ https://tinyurl.com/yd3m4tr9
ဖါးအံ ၊ လှိုင်းဘွဲ့ PNG မြေပုံ 7 MB @ https://tinyurl.com/y8k66p73