မြန်မာနိုင်ငံ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် လူငယ်များပါဝင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုပိုမိုဖြစ်ပေါ်လာမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

 

 

၅.၈.၂၀၁၈၊ နေပြည်တော်

၂၀၁၈ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲရေး (တတိယ) အကြိမ်အစည်းအဝေးကိုကျင်းပခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးလူငယ်ကိုယ်စားလှယ်များ၊ UN Agencies နှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၊ နည်းပညာအကြံပေးပုဂ္ဂိုလ်နှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၅၃) ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး အဖွင့်အမှာစကားပြောကြားရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းရေးဆွဲလာသည်မှာ တတိယအကြိမ်သို့ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ လူငယ်များကိုယ်တိုင် ရေးဆွဲထားသည့် လူငယ်ရေးရာမူဝါဒမှာ ဖြူစင်သောမူဝါဒဖြစ်ပြီး လူငယ်ထုအားလုံးကို ကိုယ်စားပြုရမှာဖြစ်ပါကြောင်း၊ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစတဲ့ဗလ(၅) တန်ပြည့်စုံစေရန် လူငယ်ဖွံ့ဖြိုးရေးကဏ္ဍ (၁၆) ချက်ပါရှိကြောင်း၊ ယခုရေးဆွဲသော လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းသည် လက်တွေ့အကောင် အထည်ဖော်နိုင်ရန်လိုအပ်ပါကြောင်း၊ (၂၁) ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကို (၃) ကြိမ်တိုင် ကျင်းပခဲ့ပြီးဖြစ်ပါ ကြောင်း၊ ပထမအကြိမ်အစည်းအဝေးတွင် သဘောတူညီချက်မရရှိခဲ့သော်လည်း ဒုတိယအကြိမ်အစည်းအဝေးတွင် သဘောတူညီချက် (၃၇) ချက်၊ တတိယအကြိမ်အစည်းအဝေးသဘောတူညီချက် (၁၄) ချက်စုစုပေါင်း (၅၁) ချက်ရရှိ ခဲ့ပြီးဖြစ်ပါကြောင်း၊ လူမှုရေးကဏ္ဍသဘောတူညီချက်များလည်းပါရှိပါကြောင်း၊ ယခုတက်ရောက်လာသော လူငယ် ကိုယ်စားလှယ်များအနေဖြင့် (၂၁) ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံအစည်းအဝေးများကို မျက်ခြေမပြတ် လေ့လာ သင့်ပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်နိုင်ရေးအတွက် လူငယ်များအနေဖြင့် စည်းလုံး ညီညွတ်မှုဖြင့် မတူကွဲပြားသောအခြေအနေများကို ညှိနှိုင်းပေါင်းစပ်၍လူငယ်ထုအားလုံးအတွက် လူငယ်ရေးရာ မူဝါဒကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့် မဟာဗျူဟာစီမံချက်ကို စည်းလုံးညီညွတ်မှုဖြင့်ရေးဆွဲကြရန်၊ လူငယ်မူဝါဒအကောင်အထည်ဖော်ရေးနှင့်ပတ်သက်ဆက်နွယ်နေသောဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများပါဝင်၍ ဝန်ကြီးဌာနအသီးသီးက အကောင်အထည်ဖေါ်နေသောလူငယ်များနှင့် ဆက်စပ်သည့် စီမံကိန်းများ အကြောင်း ကိုလည်း ဆွေးနွေးပေးမှာဖြစ်ကြောင်း၊ ဝန်ကြီးဌာနအသီးသီးတွင် သက်ဆိုင်ရာကဏ္ဍအလိုက်ရေးဆွဲထားသော စီမံကိန်းများနှင့်ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့်အမျိုးသားအဆင့်မဟာဗျူဟာပေါ်ထွက်လာလျှင်လည်းလူငယ်များကိုယ်တိုင်အကောင်အထည်ဖော်ရမှာ ဖြစ်ကြောင်းပြောကြားသွားပါသည်။

ပဉ္စမအကြိမ်မြောက် Child’s Dream Alumni Association (CDAA) Myanmar Conference ကို (၄-၈-၂၀၁၈)ရက်နေ့ နံနက်ပိုင်းကရန်ကုန်မြို့ရှိChatrium Hotel Royal Lake Yangon တွင်ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့်လူငယ်များ၏ လိုအပ်လျက်ရှိသော လူငယ်မူဝါဒကို အစိုးရသစ်၏ရက် (၁၀၀) စီမံချက်တွင် ထည့်သွင်းပြီးစတင် အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် စတင်ဖြန့်ချိနိုင်ခဲ့ပါကြောင်း၊ လူငယ်များကိုယ်တိုင်ရေးစွဲထားသော အဆိုပါ လူငယ်မူဝါဒသည် မြန်မာ့လူငယ် များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်တစ်ခုလည်းဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် မိမိနိုင်ငံ၏သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေ၊ အနာဂတ်အတွက် ဆက်လက် ဆောင်ရွက် မည့် မူဝါဒလမ်းစဉ်များကို သိရှိလေ့လာပြီး မိမိပါဝင်ရမည့် အခန်းကဏ္ဍကိုလည်း ပိုမိုအကျိုးရှိစွာဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း၊ လူဆိုသည်က ကလေးဘဝကပင် ဖြစ်ခြင်သော ဆန္ဒကိုအိမ်မက်အဖြစ် ဖန်တီးမြင်ယောင်တတ်ပြီးယခု လူငယ်များအနေဖြင့်လည်းဆောင်ရွက်လိုသည့် အိမ်မက်များကိုစီရှိနေနိုင်ပါကြောင်း၊ ၎င်းအိမ်မက်များလှပပြီး အမှန် အကောင်အထည်ဖေါ်ဖို့အတွက် ဖန်တီးပုံဖေါ်ပေးနိုင်ရန်လိုအပ်ပါကြောင်း၊ မွေးကင်းစအရွယ်မှစ၍ သက်ကြီးရွယ်အို အထိ လျှောက်လှမ်းကြရသည့် ဘဝခရီးတွင် မိမိနှင့် အခြားသူများအတွက် မည်သို့လှပကောင်းမွန်အောင် ဆောင်ရွက် မည်ဆိုသည်ကလည်းအရေးကြီးပါကြောင်း၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးပြီး နိုင်ငံတော်အတွက် မိမိကျရာ အခန်း ကဏ္ဍမှ ပြန်လည်အကျိုးပြုစေနိုင်ဖို့ အချင်းချင်းစည်းလုံးခြင်း၊ ပါဝင်ဆောင်ရွက်ခွင့်ရခြင်းများကို လက်တွေ့ အကောင် အထည်ဖေါ်ရမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီ စံနှုန်းများ နှင့် ကိုက်ညီရေး၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော အသိုင်းအဝိုင်းဖြစ်ပေါ်ရေးအတွက် မိမိကိုယ်တိုင်ပါဝင် ဆောင်ရွက် ခြင်းနှင့် အခြားသူများကိုလည်းပါဝင်လာစေပြီး အကျိုးကျေးဇူးများရစေရေးကိုဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံ တော်၏ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်၊ မူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊  လူမှုရေး၊ ကျားမရေးရာတန်းတူညီမျှမှု စသည့်ကိစ္စရပ်များတွင်လည်းလူငယ်များအနေဖြင့် ပါဝင်ခွင့်ရကြမည်ဖြစ်ကြောင်း၊ လူငယ် များသည် မြန်မာနိုင်ငံ၏မည်သည့်နေရာတွင် ရှိသည်ဖြစ်စေတန်းတူညီမျှမှုရရှိစေရေး၊ တရားသောဥပဒေများ၏ သက်ရောက်မှုဖြင့် အကာအကွယ်ရရှိနိုင်ရေး၊ အချင်းချင်းခွဲခြားမှုမရှိညီညွတ်မှုဖြင့် ရပ်တည်ပြီး ဘက်စုံဖွံ့ဖြိုးတိုး တက်မှုရရှိကာအနာဂတ်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်ကြီးကို ကြုံတွေ့ရမည်ဟု ယုံကြည်ပါ ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အဆိုပါညီလာခံသို့ Child Dream မှ ပညာတော်သင်ဆုဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပညာ သင်ကြား ခဲ့ကြသည့် နိုင်ငံအတွက် ဒေသအသီးသီးတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့တွင် လုပ်ကိုင် ဆောင်ရွက် နေကြသောလူငယ်များ ပါဝင်တက်ရောက်ကြပြီး အချင်းချင်းရေရှည်တည်တံ့သောကွန်ယက် တည်ဆောက်ရန်၊ အလုပ်အကိုင်နှင့် ပညာရေးအခွင့်အလမ်းသစ်များမျှဝေပေးရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသော ဗဟုသုတအချက်အလက်များ၊ အတတ်ပညာနှင့် အရင်းအမြစ်များကိုမျှဝေပေးရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါသည်။

#hl1

#npw_aug2018

Sign Up

Upcoming Events