Category Archives: News
-
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးမှုကြောင့် ဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကုတ်မြို့နယ်၊ ဝဲကြီးကျေးရွာ၌ (၃၀-၇-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးမှုကြောင့် ဘေးသင့်တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၇၅၀ိ/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈,၇၅၀ိ/-) ကျပ်တို့အား (၁-၈-၂၀၁၈) ရက်နေ့တွင် တောင်ကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ … Read more
-
စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၁၈) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ အတ္တရံမြို့နယ်၊ အတ္တရံမြစ်အတွင်း စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူ (၂) ဦးအတွက် သေဆုံး ထောက်ပံ့ငွေ တစ်ဦးလျှင် (၃၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၆၀၀,၀၀၀ိ/-) ကျပ်တို့အား (၂-၈-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #mon_aug2018
-
ရေဘေးရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်အတွင်း (၁-၈-၂၀၁၈) ရက် နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး အတ္တရံမြစ်ရေတက်လာမှုကြောင့် ရသေ့ကျောင်း၊ ရှင်စောပုရပ်ကွက်နှင့် ပိန္နဲကုန်းရပ်ကွက် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင် အိမ်ထောင်စု (၇၉) စုမှ လူဦးရေ (၂၇၅) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၇၇,၅၀၀ိ/-) ကျပ်တို့အား (၂-၈-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mon_aug2018
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၂-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ကိုးနဝင်းဓမ္မာရုံ၌ ဖက္ကလိပ်ကျေးရွာမှ လူဦးရေ (၁၅၀) ဦးအားလည်းကောင်း၊(၁၂း၀၀) နာရီအချိန်တွင် ရွှေအံတော်ဘုရားဝင်း၌ ကျိုက်ပိကျေးရွာမှ လူဦးရေ (၁၅၀) ဦးအားလည်းကောင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_aug2018
-
ပနီချောင်းရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ တုံကျေးရွာအုပ်စု၊ တုံကျေးရွာ၌ (၃၁-၇-၂၀၁၈) ရက်နေ့တွင် ပနီချောင်းရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀ိ/-) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထာင်စာတို့အား (၂-၈-၂၀၁၈) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၈) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ အ.ထ.က (၃) ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၃၅၀) ဦးအား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_aug2018
-
ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာ၌ (၃၁-၇-၂၀၁၈) ရက်နေ့၊ (၁၁း၅၅) နာရီအချိန်တွင် ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၃၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀ိ/-)ကျပ်တို့အား (၁-၈-၂၀၁၈) ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ … Read more
-
လတ်တလောရေကြီးရေလွှမ်းမိုးမှုအခြေအနေပြ ဂြိုဟ်တုပုံရိပ်သုံး မြေပုံများ
လတ်တလောရေကြီးရေလွှမ်းမိုးမှုအခြေအနေများကို အောက်ပါမြေပုံများတွင် ကြည့်ရှုနိုင်ပါသည်။ မြေပုံများမှာ ALOS2 ဂြိုဟ်တုမှ ရိုက်ကူးထားသော ဂြိုဟ်တုပုံရိပ်များမှ ရရှိလာသည့် အချက်အလက်များကို အခြေခံ၍ ရေလွှမ်းမိုးနေသည့် နေရာများကို တွက်ယူထားခြင်း ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် တွေ့ရှိရသော ရေကို ပန်းခရမ်းရောင်ဖြင့်လည်းကောင်း၊ ဇူလိုင်လ ၂၆ ရက်နေ့၏ ရေကို ပန်းရောင်ဖြင့်လည်းကောင်း၊ ဇူလိုင် ၁ ရက်နေ့ ရေကို အပြာနုဖြင့်လည်းကောင်း ဖော်ပြထားပါသည်။ ယခု ထုတ်ယူထားသည့် မြေပုံများသည် မြေပြင်ပေါ်တွင် လတ်တလော တွေ့ရှိရသည့် … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၈-၂၀၁၈) ရက်နေ့၊ နေ့လယ် (၂) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မီးကွင်းဘုရား၌ ကျိုက်လတ်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးကြီးကြပ်မှုအဖွဲ့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ရာ ပြည်သူ (၁၀၀) ခန့်စိတ်ဝင်စားစွာ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #ayy_july2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
(၂၀၁၈) ခုနှစ်၊ ဇူလိုင်လအတွင်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရေဘေးဖြစ်ပွားမှုနှင့် ထောက်ပံ့မှုစာရင်းချုပ် (၁-၈-၂၀၁၈ နေ့ထိ)
(၂၀၁၈) ခုနှစ်၊ ဇူလိုင်လအတွင်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရေဘေးဖြစ်ပွားမှုနှင့် ထောက်ပံ့မှုစာရင်းချုပ် (၁-၈-၂၀၁၈ နေ့ထိ) အောက်ပါဇယားအတိုင်းဖော်ပြထားပါသည်-









