ပင်လယ်ဒီရေထူးကဲစွာမြင့်တက်လာမှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၈) ရက်နေ့ (၁၅း၀၀) နာရီအချိန်ခန့်တွင် ပင်လယ်ဒီရေထူးကဲစွာမြင့်တက်လာပြီး ၎င်းဒီရေ၏အရှိန်ကြောင့် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ပင်လယ်ကမ်းနားရှိ ဖက်မိုး ထရံကာ လူနေအိမ်( ၃၇) လုံး ပြိုကျပျက်စီးခဲ့သဖြင့် (၁၃-၈-၂၀၁၈) ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်း ရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်တို့နှင်အတူ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၇) သိန်း၊ လူဦးရေ (၁၈၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၉၄,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃၇) ထောင်စာတို့အား သွားရောက်ထာက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#mon_aug2018

Sign Up

Upcoming Events