လှိုင်မြစ်ရေမြင့်တက်မှုကြောင့် ကစင်ကျေးရွာအုပ်စု၊ လှိုင်မြစ်ဘေးကန်ဘောင်နားရှိ နေအိမ်များအတွက် ဆန်ရိက္ခာဖိုး ငွေများ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၈-၂၀၁၈) ရက်နေ့၊ (၁၈း၄၅) နာရီချိန်တွင် လှိုင်မြစ်ရေ မြင့်တက်မှုကြောင့် လှိုင်သာယာမြို့နယ်၊ ကစင်ကျေးရွာအုပ်စု၊ လှိုင်မြစ်ဘေးကန်ဘောင်နားရှိ နေအိမ်များတွင် ရေများဝင်ရောက်ခဲ့သဖြင့် ကစင်ကျေးရွာ၊ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိခဲ့ပြီး (၁၃-၈-၂၀၁၈) ရက်နေ့ထိ အိမ်ထောင်စု (၇၄) စုမှ လူဦးရေ (၃၄၄) ဦးရေဘေးသင့်ခဲ့သဖြင့် (၁၃-၈-၂၀၁၈) ရက်နေ့ တွင် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၂၂,၄၀၀/-) ကျပ်အား ဘေးသင့်ပြည်သူများထံသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊လှိုင်သာယာမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld

#ygn_aug2018

Sign Up

Upcoming Events