
နေပြည်တော် ၊ သြဂုတ်လ ၁၃ ရက်
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ National Humanitarian Fundraising For Myanmar(NHFMM)က အလှူငွေ အမေရိကန် ဒေါ်လာ(၂၀,၀၀၀)နှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးဝန်ထမ်းမိသားစုများနှင့် ထိုင်းနိုင်ငံရောက်စေတနာရှင် မြန်မာလုပ်ငန်းရှင်အချို့က အလှူငွေထိုင်းဘတ်(၇၄၂,၀၀၀)ကို အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်တင်ကလည်းကောင်း၊ ချယ်ရီမေတ္တာဖောင်ဒေးရှင်းက အလှူငွေ ကျပ်(၁၅၀)သိန်းကို ဒုတိယဥက္ကဌ၊ ဦးစိုးထွန်းဇော်ကလည်းကောင်း၊ National Energy Puma Aviation Services(NEPAS) က အလှူ ငွေကျပ်သိန်း(၂၀၀)ကို စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးသန့်စင်ဦးဆောင် သောအဖွဲ့ကလည်းကောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1_fld
#npw_aug2018
Source: MSWRR