လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ ရပ်ကွက်/ကျေးရွာတို့၌ (၂၃-၇-၂၀၁၈) ရက်နေ့မှ (၃၁-၇-၂၀၁၈) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေဝင်ရောက်မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း (၃) လုံးအတွက် ထောက်ပံ့ အလှူငွေ (၅၀၀,၀၀၀/-) ကျပ်နှင့် ပြိုကျပျက်စီးနေအိမ် (၂၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၉၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၉၃,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂၄) အိမ်ထောင်စာတို့အား (၁၃-၈-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ် ရေးမှူးတို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#mon_aug2018