Category Archives: News
-
ရခိုင်ပြည်နယ်ဆိုင်ရာ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
၈-၈-၂၀၁၈၊ နေပြည်တော် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၏ အဓိကလုပ်ငန်း(၂)ရပ်ဖြစ်သော ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်း များသည် ကြီးမားသောလုပ်ငန်းများဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြန်လည်လက်ခံရန်အသင့်ဖြစ်နေပြီဖြစ် ကြောင်း၊ ပါဝင်ဆောင်ရွက်မည့်သူများအနေဖြင့် … Read more
-
မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ (၈-၈-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၂း၃၀) နာရီအချိန်ထိ မိုင်းဖြတ်မြို့၊ ထွေ/အုပ်ခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ အဖွင့်အမှာစကား ပြောကြားခြင်း ပြည်နယ်မှူး ဦးစိုးနိုင်နှင့် ခေတ္တမိုင်းဖြတ်မြို့နယ်မှူး ဒေါ်သင်းမြတ်ရည်ဝင်းတို့မှ ဦးဆောင်ဟောပြော ဆွေးနွေးခြင်း တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းအကြံပြုချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြား ခြင်း များဆောင်ရွက်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ နိုင်ငံရေးပါတီများ၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက်အလှူငွေများပေးအပ်လှူဒါန်း
နေပြည်တော် ၊ သြဂုတ်လ ၈ ရက် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် Thai Business Association of Myanmar မှ အလှူငွေကျပ် (၈၆,၆၀၀,၀၀၀/-)၊ Myanmar C.P. Livestock Co. Ltd မှ အလှူငွေကျပ် (၂,၀၀၀,၀၀၀/-)၊ Royal Thai Embassy,Yangon မှ အလှူငွေကျပ် (၁,၀၀၀,၀၀၀/-)၊ Bangkok Bank မှ အလှူငွေ အမေရိကန်ဒေါ်လာ(၁၀,၀၀၀)၊ PTTEP မှ အလှူငွေအမေရိကန်ဒေါ်လာ (၁,၅၀၀) တို့ကို … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၈) ရက်နေ့၊ (၁၃း၄၅) အချိန်မှ (၁၄း၃၀) နာရီအချိန်ထိ ပုဗ္ဗသီရိမြို့နနယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ဖွင့်လှစ်သော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း၌ သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများ သွားရောက်ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_aug2018
-
သဘာဝဘေးအန္တရာယ် သိကောင်းစရာများနှင့် ငလျင်ဘေးအန္တရာယ်အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမှတ် (၃) တိုက်ပွဲ ဝင်စည်းရုံးရေးသင်တန်းကျောင်းမှ အရာရှိစစ်သည် ရဲမေများနှင့် တပ်မတော်သား မိသားစုဝင် (၆၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်သိကောင်းစရာများနှင့် ငလျင်ဘေးအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များဝေငှပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပြီး အားလုံးပူးပေါင်းပါဝင်သော လက်တွေ့လေ့ကျင့်မှု အား (၈-၈-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီမှ (၁၄း၃၀) နာရီအချိန်အထိ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar_simex #kcn_aug2018
-
ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ဦးစီး၍ (၈-၈-၂၀၁၈)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်မှ (၁၁:၁၀)အချိန်ထိ ငလျင်ဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား ဇမ္ဗူသီရိမြို့နယ်၊ သူနာပြုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ ဌာနဆိုင်ရာအင်အား (၁၀၀)ဦးနှင့် သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီးနှင့် သင်းတန်းသူ/ သင်တန်း သား (၂၂၀)ဦး စုစုပေါင်းလူဦးရေ(၃၂၀)ဦးခန့်တို့ ပူးပေါင်းပါဝင်၍ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_simex_eqk #mgy_aug2018 Sourceး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
စလင်းမြို့နယ် ကြူတော(မြောက်) ကျေးရွာ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကြူတော(မြောက်) ကျေးရွာ၌ (၃-၈-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၅၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၉၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၀၅,၈၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၇၀၅,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၅) အိမ်ထောင်စာတို့အား (၈-၈-၂၀၁၈)ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more
-
လေဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ မဘေကျေးရွာအုပ်စု၊ မဘေကျေးရွာ၌ (၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်အားလည်းကောင်း၊ လပွတ္တာလုပ်ကြီးကျေးရွာအုပ်စု၊ လပွတ္တတာလုပ်ကြီးကျေးရွာ၌ (၅-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုကျနေအိမ် (၂) လုံး၊ … Read more
-
ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင် (၇.၈.၂၀၁၈)ရက်နေ့ (၁၀း၁၅) အချိန်နှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာ၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျေးရွာတို့်တွင်(၈.၈.၂၀၁၈)ရက်နေ့ (၁၀း၃၀)အချိန်တို့၌ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေတိုက်စားကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၉)လုံး၊ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၄၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၀၀၈၀၀/-)အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀/- )စုစုပေါင်း(၁၀၀၀၈၀၀/-)ကျပ်တို့အား (၈.၈.၂၀၁၈)ရက်နေ့ တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
================================================ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကိုအောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့ တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် (၂)ပေခွဲခန့် … Read more









