================================================
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၁၇-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအချိန်ထိ ပျဉ်မနားမြို့နယ်၊ ဂဲကြီးသာစည်ကျေးရွာရှိ စာသင်ကျောင်း၌ ကျောင်းသား/သူ (၂၆၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။