ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

17_Pic_01 17_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၈)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ငဝန်မြစ်ရေလျံမှုကြောင့် ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်မြို့ အမှတ် (၁၂)ရပ်ကွက်နှင့် အမှတ် (၁၄)ရပ်ကွက်များ၌ အိမ်ခြေ (၃၂၇)လုံး အိမ်ထောင်စု (၃၂၇)စုမှ လူဦးရေ (၉၈၀)ဦးအား ဆန်ရိက္ခာ (၄)ရက်စာ ဆန်အိတ် (၄၀)အိတ် (၂၀)ပြည် ( တန်ဖိုး – ၁၁၇၆၀၀၀/-)နှင့် မွေးကင်းစကလေးငယ် (၃)ယောက်အတွက် ငွေကျပ် (၃၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၂၀၆၀၀၀/-)ကျပ်တို့အား (၁၆-၈-၂၀၁၈)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေး၊ ပုသိမ်ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်အတူ ထောက်ပံ့ ခဲ့ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မနောဖြူ လူမှုကူညီရေးအသင်း (ပုသိမ်)မှ နာယကဆရာတော်ထံ ရေဘေးသင့်ပြည်သူ များအတွက် ဆန်ရိက္ခာ (၃)ရက်စာ ဆန်အိတ် (၃၁)အိတ်အားလည်းကောင်း၊ ဦးချိုဆန်စက်မှ ဆန် (၅)အိတ်အားလည်းကောင်း ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။

#ha_fld
#ayy_aug2018
Source:    ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events