================================================
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်အတွင်း ရေပေါ်ကြီးကျေးရွာအုပ်စုနှင့် ကဿဝင်ကျေးရွာအုပ်စုတို့၌ (၂၀-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၃၈)လုံး အိမ်ထောင်စု (၃၈)စုအတွက် ထောက်ပံ့ရန်ကျန်ရှိသည့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၈၀၀၀၀၀ိ/)ကိုလည်းကောင်း၊
ရေပေါ်ကြီးကျေးရွာာအုပ်စု အောက်ဒေါင့်ကြီးကျေးရွာ၌ (၂၃-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၂၆)လုံး အိမ်ထောင်စု (၂၆)စုအတွက် ထောက်ပံ့ရန်ကျန် ရှိသည့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၆၀၀၀၀၀ိ/)နှင့် စုစုပေါင်းလူဦးရေ (၁၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၂၃၁၀၀၀ိ/) ကိုလည်းကောင်း၊
ကဿဝင်ကျေးရွာအုပ်စု ကျေးရွာခွဲ (၃) ရွာ၌ (၂၉-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၆၁)လုံး အိမ်ထောင်စု (၆၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၁၀၀၀၀၀ိ/)နှင့် စုစုပေါင်းလူဦးရေ ၂၆၀ ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၅၄၆၀၀၀ိ/) ကိုလည်းကောင်း၊
ခရေကန်ကျေးရွာအုပ်စု ဖြတ်လမ်းကြီးကျေးရွာ၌ (၂-၈-၂၀၁၈) ရက်နေ့တွင် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၃)လုံး အိမ်ထောင်စု (၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀ိ/)နှင့် စုစုပေါင်းလူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၁၈၉၀၀ိ/)ကိုလည်းကောင်း၊
မြေနုကျေးရွာအုပ်စု ကျုံတုံးကျေးရွာ၌ (၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲသည့် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀ိ/)နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၄၇၀၀ိ/) ကိုလည်းကောင်း၊
ရေပေါ်ကြီးကျေးရွာအုပ်စု အထက်ကဇင်းတောကျေးရွာ၌ (၁၃-၈-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၈)လုံး အိမ်ထောင်စု (၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၈၀၀၀၀၀ိ/)နှင့် စုစုပေါင်းလူဦးရေ (၅၃)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၀၉၂၀၀ိ/) ကိုလည်းကောင်း
(၁၆-၈-၂၀၁၈) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌လည်းကောင်း၊ (၁၀း၃၀) နာရီအချိန်တွင် ဒေါင့်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေးရန်ပုံငွေများအား ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။