================================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ သရက်ပင်ဆိပ်၊ အေးကုန်း၊ ခါးပြတ်၊ အောင်လှိုင်၊ ဗန္ဓာပင်ကျေးရွာများ၌ (၁၄-၈-၂၀၁၈) ရက်နေ့နှင့် (၁၅-၈-၂၀၁၈) ရက်နေ့များတွင် ပင်လယ်ဒီရေ ထူးကဲစွာမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ/အိမ်ထောင်စု ၄၁ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ၄၁ အိမ်ထောင်စုစာ၊ လူဦးရေ (၁၇၆) ဦးအတွက် ဆန်ဖိုးငွေတစ်ဦးလျှင် ၇ ရက်စာ ၂၁၀၀ ကျပ်နှုန်းဖြင့် (၃၆၉၆၀၀) ကျပ်ကို ဘေးသင့်ပြည်သူများ လက်ဝယ်သို့ (၁၇-၈-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး သဘာဝဘေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်းများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။