================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထန်းတောစုအုပ်စု၊ ရွာဟောင်းကုန်းကျေးရွာ၌ (၁၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် (ဝါးအိမ်) အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု (၁)စုရှိ လူဦးရေ (၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၆၃၀၀) ကျပ်ကို (၁၇-၈ -၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားသည့်နေရာသို့ သွားရောက်ကာ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။